နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်တမ်း ၈ နှစ်ခံ မိုးလေဝသဂြိုဟ်တုသစ်တစ်စင်း တရုတ်လွှတ်တင်

ကျိုချွမ်     ဇူလိုင်    ၆


တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ်တစ်စင်း အား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ဇူလိုင် ၅ ရက်က စီစဉ် ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ် တင်ခဲ့ကြောင်း သိရသည်။ Fengyun-3E (FY-3E) ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၂၈ မိနစ်တွင် Long March-4C ဒုံးပျံဖြင့်လွှတ်တင်ခဲ့ပြီး Long March ဒုံးပျံစီးရီး၏ ၃၇၇ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။ 


အဝေးထိန်းအာရုံခံကိရိယာ ၁၁ ခု တပ်ဆင်ထား သည့် FY-3E ဂြိုဟ်တုသည် အရပ်ဘက်ဝန်ဆောင် မှုများအတွက် နံနက်ခင်းအစောပိုင်းတွင် ဂြိုဟ်ပတ် လမ်းအတွင်းဝင်ရောက်လည်ပတ်မည့် ကမ္ဘာ့ ပထမဆုံး မိုးလေဝသဂြိုဟ်တုဖြစ်ကြောင်း သိရ သည်။ သက်တမ်း ၈ နှစ်ခံနိုင်ရည်ရှိရန် ဒီဇိုင်းရေးဆွဲ ထားပြီး အဓိကအားဖြင့် လေထုအပူချိန်၊ စိုထိုင်းဆ နှင့် ကိန်းဂဏန်းခန့်မှန်းချက် application များ အတွက် အခြားမိုးလေဝသဆိုင်ရာ သတ်မှတ်ချက် များရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရာသီဥတု ခန့်မှန်းနိုင်စွမ်းကို    တိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂြိုဟ်တုသည် ရာသီဥတုပြောင်းလဲ မှုအား တုန့်ပြန်မှုပိုကောင်းရန်နှင့် မိုးလေဝသဘာဝ ဘေးအန္တရာယ်ကာကွယ်တားဆီးလျှော့ချရန် ကမ္ဘာလုံးဆိုင်ရာ နှင်းနှင့်ရေခဲဖုံးလွှမ်းမှု၊ ပင်လယ် ရေမျက်နှာပြင်အပူချိန်၊ သဘာဝဘေးအန္တရာယ်နှင့် ဂေဟဗေဒကို  စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။            

မျိုးဝင်း (Ref; Reuters)






အခြားဆက်စပ်သတင်းများ