နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံထုတ် လျှပ်စစ်ဗန်ကားကြီးများ အစ္စရေးတွင် စတင်ရောင်း

ဂျေရုစလင်     ဇူလိုင်    ၆


တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများကို အစ္စရေးနိုင်ငံတွင် ပထမဆုံးတင်ပို့ရောင်းချခဲ့ ကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါကုမ္ပဏီ အနေဖြင့် တရုတ်နိုင်ငံကားထုတ်လုပ်ရေးလုပ်ငန်းစုကြီး၏ လက်အောက်ခံ SAIC Maxus ကုမ္ပဏီမှ တီထွင် ထုတ်လုပ်သည့် လုပ်ငန်းသုံးလျှပ်စစ်ဗန်ကားမော်ဒယ်အမျိုးအစား Maxus e Deliver 9 မော်တော်ယာဉ် များကို အစ္စရေးနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ 


အစ္စရေးနိုင်ငံသို့တင်သွင်းသော ယင်းဗန်ကားအမျိုးအစားတွင် ခရီးအကွာအဝေး ၃၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင်သည့် ၈၈ ဒသမ ၅ kWh ထိ ခံနိုင်ရည်ရှိသော ဘက်ထရီတစ်လုံးတပ်ဆင်ထားသည်။ ပုံမှန် ဘက်ထရီအားသွင်းချိန် ၈ နာရီခန့်ကြာမြင့်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီကို ၂၀ဝ၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဘတ်စ်ကားများနှင့် ထရက်စ်ကားကြီးများအပါအဝင် တရုတ်နိုင်ငံထုတ်မော်တော်ကား အမျိုးမျိုးနှင့် အင်ဂျင်အစိတ်အပိုင်းကြီးများကို တင်သွင်ကြောင်းသိရသည်။        

မျိုးဝင်း (Ref; Xinhua)






အခြားဆက်စပ်သတင်းများ