နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်တင်သင်္ဘော ဒုံးကျည်ဖြင့်တိုက်ခိုက်မှုအစ္စရေး စုံစမ်းစစ်ဆေး

တဲလ်အဗစ်     ဇူလိုင်    ၆


ဆော်ဒီအာရေးဗီးယားမှ အာရပ်စော်ဘွားများ နိုင်ငံသို့ခုတ်မောင်းနေသည့်   လိုက်ဘေးရီးယား အလံတင်ကုန်တင်သင်္ဘောတစ်စင်းသည် အိန္ဒိယ သမုဒ္ဒရာအတွင်းတိုက်ခိုက်ခံရကြောင်း အစ္စရေးနှင့် လက်ဘနွန်မီဒီယာများက ဖေါ်ပြခဲ့သည်။ သင်္ဘော သားများကို ထိခိုက်မှုမရှိဘဲ စနေနေ့က ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရနိုင်ခြေရှိသော ထိုသင်္ဘောမှာ ဆိုးဆိုး ရွားရွားပျက်စီးသွားသော်လည်း ဆက်လက်ခရီးနှင် နေသည်ဟု အစ္စရေး N12 ရုပ်သံက ကြေညာခဲ့သည်။


အဆိုပါ တိုက်ခိုက်မှုနောက်ကွယ်တွင် အီရန် တပ်များပါဝင်ပတ်သက်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေး နေကြောင်း အစ္စရေးကာကွယ်ရေးအရာရှိများက ပြောသည်။ လက်ဘနွန်မှ အီရန်လိုလားသော Al Mayadeen ရုပ်သံကထိုသင်္ဘောကို အမျိုးအမည် မသိလက်နက်ဖြင့်    တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစောပိုင်းက သတင်းဖေါ်ပြခဲ့သည်။ 


အစ္စရေးပိုင်သင်္ဘောများသည်  ဖေဖေါ်ဝါရီနှင့် ဧပြီလများကလည်း အိုမန်ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရပြီး     ထိုပေါက်ကွဲမှုများအတွက် အစ္စရေးက အီရန်ကိုအပြစ်တင်ခဲ့ကာ အီရန်ကုန်တင် သင်္ဘောတစ်စင်းသည်လည်း ဧပြီလက ပင်လယ်နီ တွင်တိုက်ခိုက်ခံရပြီး  အနည်းငယ်ပျက်စီးသွားခဲ့ သည်။                                   

ရဲခေါင် (Ref;BBC)






အခြားဆက်စပ်သတင်းများ