နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါတွင် လောင်ကျွမ်းသွားသော တောမီးဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်

တိုရွန်တို     ဇူလိုင်    ၆


ပြီးခဲ့သည့် ရက်ပိုင်းက လူနှစ်ဦးသေဆုံးစေခဲ့ သည့် ရုတ်တရက်ထလောင်ခဲ့သော ကနေဒါတောမီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း ပျက်စီးသွားသော ကနေဒါနိုင်ငံမှ မြို့ငယ် လေးတစ်ခုသို့ရောက်ရှိလာသော  ရာဇဝတ်စုံစမ်း စစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်သည်။ 


ယင်းတို့အနေဖြင့် ဗန်ကူးပါး အရှေ့မြောက်ဖက် ၉၅ မိုင်ဝေးသော ဗြိတိသျှကိုလံဘီယာမှ လစ်တန် မြို့သို့ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း သေမှု သေခင်းစစ်ဆေးရေးအဖွဲ့က ပြောသည်။ 


ကနေဒါ တွင် စံချိန်တင်အပူချိန် ၄၀ ဒသမ ၆ ဒီဂရီအထိ အပူချိန်ကို လွန်ခဲ့သောတစ်ရက်က ခံစားရပြီးနောက်  လူဦးရေ ၁၀ဝ၀ ခန့်ရှိသော လစ်တန်ဒေသခံများသည်   ဇူလိုင်လအစောပိုင်းက  နေအိမ်များမှထွက်ပြေးခဲ့ပြီး ယင်းသို့ထွက်ပြေး ရခြင်းမှာ   နေအိမ်များတွင်  နေထိုင်စဉ်မှာပင် မီးတောက်မီးလျှံများမှာ နေအိမ်များအနီးရောက်ရှိ လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ 


အချို့သောဒေသခံများသည်  မိသားစုလိုက် မီးလျှံများကြားမှထွက်ပြေးရင်း  မိဘနှစ်ဦးပေါ် ဓာတ်အားလိုင်းပြတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။ 


မီးလောင်မှုကြောင့် ထွက်ပြေးရသူများသည်    ပြည်နယ်အတွင်းရှိ  ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ကြကာ လူအများအပြားမှာ နေအိမ် များဆုံးရှုံးခြင်းကြောင့်    တုန်လှုပ်နေကြောင်း လစ်တန်မှ ခေတ္တအကြီးအကဲ ဂျွန်ဟော်ဂန်က ပြော သည်။ မီးလောင်သောနေရာမှာ ၃၂၀ဝ၀ စတုရန်းမိုင် ကျယ်ကြောင်း ဗြိတိသျှကိုလံဘီယာတောမီးသတ် ဌာနက ထုတ်ပြန်ထားသည်။


ရဲခေါင် (Ref;AFP)






အခြားဆက်စပ်သတင်းများ