နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယီမင်ဆိပ်ကမ်းတွင်ဟူသီမော်တော်ဘုတ်နှစ်စင်းညွန့်ပေါင်းအဖွဲ့ ဖျက်ဆီး

ရီယာ့ဒ်   ဇူလိုင်     ၅


အီရန် ကျောထောက်နောက်ခံပေးထားသော ဟူသီစစ်သွေးကြွများက ယီမင် နိုင်ငံ ပင်လယ်နီဆိပ်ကမ်းတစ်ခုဖြစ်သည့် ဟိုဒီးဒက်ဆိပ်ကမ်းတွင် စစ်ဆင်ရေးတစ်ခု အတွက်ပြင်ဆင်နေသည့် ဗုံးဆင်ထားသော လှေနှစ်စင်းကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ကြားဖြတ်ဖျက်စီးခဲ့ကြောင်း အစိုးရပိုင် TV Al-Ekhbariya ရုပ်သံ က ထုတ်လွှင့်ခဲ့သည်။ 


ညွန့်ပေါင်းအဖွဲ့၏ ပြောကြားချက်အရ ဟိုဒီးဒက်ဆိပ်ကမ်းမှ စစ်ဆင်ရေးများသည် သဘောတူညီချက်များကိုချိုးဖောက်နေပြီး ပင်လယ်နီတောင်ပိုင်းရှိ ရေကြောင်း သွားလာမှုနှင့် ကမ္ဘာ့ကုန်သွယ်မှုကို ပြည်သူ့စစ်များက ဆက်လက်ခြိမ်းခြောက် နေကြောင်း ပြောသည်။


ဆော်ဒီလေကြောင်းကာကွယ်ရေးစနစ်သည် အစောပိုင်းတွင် ဆော်ဒီတောင်ပိုင်း မြို့ဖြစ်သည့် ခါမီမူရှစ်မြို့ကို ဦးတည်ပစ်ခတ်ခဲ့သည့် ဒရုန်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း အာရပ်ညွန့်ပေါင်းအဖွဲ့က ပြောသည်။ အဆိုပါအဖွဲ့ထုတ်ပြန်ချက်တွင် လေကြောင်း ကာကွယ်ရေးစနစ်အတွင်းပိတ်မိနေသည့် မောင်းသူမဲ့လေယာဉ်ကို ဆော်ဒီနယ်စပ်ရှိ ယီမင်လေကြောင်းပိုင်နက်ထဲတွင် ပစ်ချခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုမှာ အီရန်ကျောထောက်နောက်ခံပေးထားသည့် စစ်သွေးကြွများ၏ နောက်ဆုံးကျူးလွန် သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့က ပြောသည်။ 

ရဲခေါင် (Ref; ABC)






အခြားဆက်စပ်သတင်းများ