နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်ကုမ္ပဏီ ၂၀၀ ခန့်ထိခိုက်

ဝါရှင်တန်     ဇူလိုင်     ၅


Ransomware ဆိုက်ဘာတိုက်ခိုက် ခံရမှုကြောင့် အမေရိကန် ကုမ္ပဏီ ၂၀ဝ ခန့် ထိခိုက်စေခဲ့ကြောင်း ထိုတိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်နေသည့် ဆိုက်ဘာ လုံခြုံရေးသုတေသနလုပ်ငန်းတစ်ခုက ပြောကြားလိုက်သည်။ အဓိကအားဖြင့် ရုရှားစကားကိုသုံးစွဲသည့် REvil ဆိုက် ဘာတိုက်ခိုက်မှုဂိုဏ်းသည် ထိုတိုက်ခိုက် မှုနောက်ကွယ်တွင်ရှိသည်ဟု ယူဆရ ကြောင်း    လုံခြုံရေးလုပ်ငန်းတစ်ခုက ပြောသည်။   တိုက်ခိုက်သူများသည် cloud ဝန်ဆောင်မှုပေးသူများမှတစ်ဆင့် ransomware များ ဖြန့်ချိသည့်လမ်း ကြောင်းအဖြစ် Kaseya ဆော့ဖ်ဝဲလ် ဖြန့်ချိရေးလုပ်ငန်း၏ ကွန်ရက်စီမံမှုအစီ အစဉ်ကိုသုံးကာ     တိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရသည်။ 


ယင်းသို့တိုက်ခိုက်မှုကြောင့် ထိခိုက် သည့်    လုပ်ငန်းအများအပြားရှိပြီး ထိုဂိုဏ်းအနေဖြင့် ငွေပမာဏ ညှိနှိုင်း ရန်ခက်ခဲမည်ဖြစ်ကြောင်း ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်သူများက  ပြော သော်လည်း    အမေရိကန်နိုင်ငံတွင် ရက်ရှည်အားလပ်ရက်ကာလဖြစ်သော ကြောင့် ထိုဂိုဏ်းအနေဖြင့် အချိန်ပိုမိုရ သွားနိုင်ကြောင်း လုပ်ငန်းရှင်အများစုက သုံးသပ်ထားကြသည်။ 


ရဲခေါင် (Ref :Reuters)






အခြားဆက်စပ်သတင်းများ