နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုပီးယား၊ တီဂရေးဒေသတွင် အငတ်ဘေးဆိုက်ဟု ကုလသမဂ္ဂ ပြောကြား

တီဂရေး   ဇူလိုင်     ၅


အီသီယိုပီးယားနိုင်ငံ၏ စစ်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် တီဂရေးဒေသတွင် လူပေါင်း ၄၀ဝ,ဝ၀ဝ ကျော်သည် အစားအစာငတ်မွတ်ခေါင်းပါးသည့် သတ်မှတ်ချက်အဆင့်ကို ကျော်လွန်ခဲ့ကြောင်း ကုလသမဂ္ဂထိပ်သီးအရာရှိတစ်ဦးက ဇူလိုင်လအစောပိုင်းက ပြောကြားခဲ့သည်။ ရှစ်လကြာဖြစ်ပွား ခဲ့သည့် တီဂရေးပဋိပက္ခကြောင့် သန်းနှင့်ချီသည့် ထိခိုက် နစ်နာခဲ့ရသူများကို အကူအညီပေးရန် လူသားချင်းစာနာ  ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများလုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့သည်။ 


ပြီးခဲ့သည့်လက အီသီယိုပီးယားအစိုးရတပ်ဖွဲ့များနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို့အကြား တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခဲ့ပြီး    သူပုန်များသည် တီဂရေးမြို့တော် မီကီလီကို ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 


ယခုသီတင်းပတ်တွင် အီသီယိုပီးယားတပ်ဖွဲ့များသည် တီဂရေးဒေသအတွင်းသို့ အကူအညီများပေးပို့ရာတွင် အသုံး ပြုသည့် အဓိကတံတားနှစ်စင်းကိုဖျက်ဆီးခဲ့သဖြင့် အီသီ ယိုပီးယားအစိုးရအဖွဲ့သည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို ဖြတ်တောက်ရန်ကြိုးပမ်းနေသည် ဆိုသည့်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ အီသီယိုပီးယား အစိုးရကမူ တီဂရေးဒေသတွင် ကူညီထောက်ပံ့ရေးလမ်း ကြောင်းကို ဖြတ်တောက်ထားသည်ဆိုသည့်စွဲချက်များကို ငြင်းပယ်ခဲ့သည်။

ရဲခေါင်(Ref;AFP)






အခြားဆက်စပ်သတင်းများ