နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်လေတပ် လေယာဉ်တစ်စင်းပျက်ကျ

မနီလာ    ဇူလိုင်     ၅


ဖိလစ်ပိုင်လေတပ်၏ စီ-၁၃၀ အမျိုးအစားလေယာဉ်တစ်စင်း ဇွန်လ ၄ ရက်က ဆင်းသက်စဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ  ၄၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 


အဆိုပါ သယ်ယူပို့ဆောင်ရေး အမျိုးအစားလေယာဉ်မှာ ဖိလစ်ပိုင်နိုင်ငံ ဆူလူပြည်နယ်၏ ပက်တစ်ကူမြို့တွင် ပျက်ကျ ခဲ့ခြင်းဖြစ်ပြီး ဆူလူပြည်နယ်သည် တောင်ဘက်စွန်းပြည်နယ် တစ်ခုဖြစ်ကာ ဖိလစ်ပိုင်စစ်တပ်နှင့် အစ္စလမ်မစ်စစ်သွေးကြွ များတိုက်ပွဲဖြစ်နေသည့် ပြည်နယ်လည်းဖြစ်သည်။ 


လေယာဉ်ပျက်ကျမှုကြောင့် ၄၅ ဦးသေဆုံးကာ ၃၀ ဦး ကျော်ဒဏ်ရာရခဲ့ပြီး လေယာဉ်တွင် ၉၂ ဦးလိုက်ပါခဲ့ခြင်းဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်သည် အင်ဂျင်ပါဝါကိုပြန်ထိန်းရန်ကြိုးစားစဉ် ပြေးလမ်းချော်သွားခဲ့ရ ခြင်းဖြစ်ကြောင်း စစ်တပ်အကြီးအကဲ ဆီရီလစ်တိုဆိုဗီဂျာနာက ပြောသည်။ လေယာဉ်သည်တိုက်ခိုက်ခံရသည့် အနေအထား မဟုတ်ကြောင်း၊   ဒဏ်ရာရသူများကို  ကယ်ဆယ်ရေးနှင့် ကုသရေး အာရုံစိုက်နေရသဖြင့် စုံစမ်းစစ်ဆေးမှုများ မစတင် ရသေးကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အက်ဂတ်အရီဗယ်လိုက ပြောသည်။ 

 ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ