နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါရှိ ဝိတိုရိယဘုရင်မကြီးနှင့် အဲလ်ဇဘက်-၂ ဘုရင်မကြီးရုပ်တုများ ဖြိုလှဲ

အော့တဝါ    ဇူလိုင်     ၅


ဝိတိုရီယဘုရင်မကြီးနှင့်  အဲလ် ဇဘက်-၂ ဘုရင်မကြီး၏ ရုပ်တုများကို ကနေဒါနိုင်ငံ ဝင်နီပက်ခ်ရှိ  ဆန္ဒပြသူ များက ဖြိုလှဲခဲ့ကြကြောင်း  သတင်း မီဒီယာများတွင်  ဖော်ပြထားသည်။ ကနေဒါရှိ တိုင်းရင်းသားကျောင်းများ တွင် ရာပေါင်းများစွာသော ကလေးငယ် များ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းကြောင့်    စိတ်ဆိုးဒေါသထွက် ကြပြီး ယခုလိုဘုရင်မကြီးများ၏ ရုပ်တု များကို   လူအုပ်က   ဖြိုလှဲပစ်ခဲ့ကြ ကြောင်း သိရသည်။


အဆိုပါရုပ်တုများကို    မဖြိုချမီ လူအုပ်ကြီးက “ မျိုးဖြုတ်သတ်ဖြတ်တာ ဂုဏ်ယူစရာမဟုတ်”ဟု ကြွေးကြော်ခဲ့ ကြပြီး ဝင်နီပက်ခ်မြို့တွင်  ဝိတိုရီယ ဘုရင်မကြီးရုပ်တု ပြိုလဲကျသွားချိန် တွင် လူအုပ်ကြီးက ကောင်းချီးပေးခဲ့ကြ သည်။ 


ထို့ပြင် အဝါရောင်ဝတ်ဆင်ထား သည့်လူများမှာ ရုပ်တုကိုခြေထောက်နှင့် ကန်ကျောက်ပြီး ရုပ်တုများအနီး ကခုန် ခဲ့ကြကြောင်း သိရသည်။ ကနေဒါနိုင်ငံ သည်  ဗြိတိသျှအင်ပါယာအောက် ကိုလီုနီဖြစ်ခဲ့ရစဉ် ၁၈၃၇ ခုနှစ်နှင့် ၁၉၀၁ အကြား ဗစ်တိုရီးယားဘုရင်မကြီးက အုပ်စိုးခဲ့ခြင်းဖြစ်သည်။


 မျိုးဝင်း (Ref: Reuters)






အခြားဆက်စပ်သတင်းများ