နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့မ ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်   ဇူလိုင်   ၄


ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက်၊ လှည်းတန်းလမ်းမြောက်ဘက်၊ ကမာရွတ် မြို့မရဲစခန်းနှင့် ကိုက် ၁၅၀ ခန့် အကွာ တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ် ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပလက်ဖောင်းပေါ်ရှိ သစ်ပင်ခြေရင်း တွင် Lo Lo အမျိုးအစား Keypad ဖုန်း၊ ဆားကစ်ပြား၊ ကျွဲရိုင်းအချိုရည်ဘူးခွံ အပိုင်းအစများ၊ တစ်လက်မ အုတ်ရိုက် သံ ၂၀ ချောင်း၊ ဓာတ်ခဲအသေး နှစ်လုံး တို့ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။


အဆိုပါ ဖောက်ခွဲမှုပြုလုပ်သူများ ကို ဖမ်းဆီးရမိရေး CCTV မှတ်တမ်း များဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                    

(ကျော်သူထက်)






အခြားဆက်စပ်သတင်းများ