အောင်လံ၊ ဇူလိုင် ၄
ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အောင်လံမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ပြလို့ကျေးရွာနှင့် ပွဲသာကျေးရွာကြားရှိ တောင် စောင်းအနီး မြေကျင်းတစ်ခုအတွင်းမှ လက်လုပ်ဗုံး ၇၅ လုံး၊ Black Powder မှုန့်များ ထည့်ထားသည့် ဆပ်ပြာဘူးကြီး ၄ ဘူး နှင့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ပုလဲဓာတ်မြေဩဇာ ၅ ကီလိုခန့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ မြိုင်ကုန်း ကျေးရွာရှိ “ဝီလာသာရာမ ကျောင်းသစ်” ကျောင်းတိုက်အတွင်း၌ လက်လုပ်မိုင်းများ ပြုလုပ် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ကျောင်းထိုင်ဆရာတော် ဉူးပညာသာမိ (၄၀)နှစ် (၂၄) ဝါ၊ (ဘ)ဦးချစ်ပါ သံဃာ ၃ ပါး နှင့် မြင်းခြံကုန်းကျေးရွာနေ ဦးမောင်မောင်ဒီ(၃၃)နှစ် (ဘ) ဦးထွန်းထွန်းဦးပါ အမျိုးသား ၈ ဦးတို့ကို တွေ့ရှိရပြီး ဆက်လက် ရှာဖွေခဲ့ရာ ကျောင်းဝင်းအတွင်းရှိ စတိုခန်းအတွင်းမှ လက်လုပ်မိုင်း အခွံ ၁၂ ခု၊ ကန့် ၁ ပိဿာ၊ ယမ်းမှုန့် ၁ ပိဿာ၊ ယမ်းကြိုး ၁၅ ချောင်း နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး