တိုကျို၊ ဇူလိုင် ၄
ဂျပန်နှင့် ဖိလစ်ပိုင်လေတပ်များ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မည် ဖြစ်ကြောင်း ဂျပန်တပ်ဘက်မှထုတ် ပြန်လိုက်သည်။
လာမည့် ရက်သတ္တပတ်အတွင်း အဆိုပါ နှစ်နိုင်ငံ လေတပ်များအနေဖြင့် လေကြောင်းချိတ်ဆက် လေ့ကျင့်ခန်း သင်တန်းများကို လူသားချင်းစာနာမူ နှင့် ကပ်ဘေးဒုက္ခဆိုင်ရာကဏ္ဍအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ် ပိုင်ရှိ ဂျပန်သံရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ လာမည့် ဇူလိုင်လ ၅ ရက်မှ ၈ ရက်အထိ ဖိလစ်ပိုင်မြောက်ပိုင်းရှိ ယခင် အမေရိကန်တပ် အဆောက်အအုံများ ရှိခဲ့သည့် Clark လေတပ်အခြေစိုက်စခန်း တွင် ပူးတွဲကာကွယ်ရေး ထူးခြားသည့် သမိုင်းမှတ်တိုင်အဖြစ်၊ ယခုလိုလုပ် ဆောင်သွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဂျပန်သံရုံးကြေညာချက်တွင် ဖော်ပြ ထာ သည်။
အဆိုပါ ၂ နိုင်ငံ ကာကွယ်ရေး ဆက်ဆံမူ မြှင့်တင်ရေး ပူးတွဲလေ့ကျင့် ရေး တွင် ဂျပန်၏ C-130 H ကုန်တင်စစ် လေယာဉ်များနှင့် တပ်ဖွဲ့ဝင်များ၊ ဖိလစ်ပိုင် လေတပ်သားများနှင့်အတူ ပါဝင်ပြီး ဝေးလံခေါင်ဖျားနေရာများကို ကူညီကယ်ဆယ်ရေးပစ္စည်းများ ပို့သည့် လေ့ကျင့်ခန်းများ ပါဝင်မည်ဖြစ်သည်။
လက်ရှိတွင် ပူးတွဲလေကြောင်း လေ့ ကျင့်မှုအတွင်း လူ့အသက်ကယ်တင်နိုင် ရေး ကပ်ဘေးရင်ဆိုင်မှုဆိုင်ရာ ၂ ဘက်အ တွေ့အကြုံများကိုလည်း ဖလှယ်သွား ရန်ရှိကြောင်း ဂျပန်လေတပ် ဗိုလ်မူး Mizuno Masaki က ပြောသည်။
မျိုးဝင်း (ref; AFP)