နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Johnson & Johnson ဆေးမှာ ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှု ထိရောက်စွာ ကာကွယ်နိုင်

ဝါရှင်တန်၊  ဇူလိုင် ၄ 


Johnson & Johnson ၏ တစ်လုံး တည်းသာ    ထိုးနှံရန်လိုအပ်သော COVID-19 ကာကွယ်ဆေးသည် ရှစ်လ ထက်မနည်း ကိုယ်ခံအားတုံ့ပြန်မှုရရှိ ခြင်းနှင့်အတူ အလွန်ကူးစက်မြန် ဒယ် တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုမှထိ ရောက်စွာကာကွယ်နိုင်ကြောင်း ယင်း ဆေးကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ 


J&J   ၏    ကာကွယ်ဆေးထိုးနှံပြီးသော လူရှစ်ဦး၏ သွေးထဲတွင် ပဋိပစ္စည်းနှင့် ကိုယ်ခံအားစနစ်   ဆဲလ်များသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ဒယ်တာ ဗိုင်းရပ်စ်မျိုးကွဲကို ထိရောက်စွာ အာနိသင်ပျက်ပြယ်စေကြောင်း သုတေ သီများက တွေ့ရှိခဲ့သည်။ 


ဒုတိယမြောက် သုတေသနအဖြစ် ဘော်စတွန်မြို့ရှိ ဘာ့သ်အစ္စရေး ဆေး ဘက်ဆိုင်ရာ စင်တာတွင် ယင်း ကာ ကွယ်ဆေးထိုးနှံခဲ့သူ ၂၀ ဦးတွင်လည်း အလားတူရလဒ်များ တွေ့ရှိခဲ့သည်ဟုဆို သည်။ 


ယင်းအချက်အလက်များကို တရား ဝင်ထုတ်ပြန်ထားခြင်း  မရှိသေးသော သိပ္ပံနည်းကျတွေ့ရှိချက်များကို  တင် ပေးသည့် အခမဲ့ အွန်လိုင်းဝက်ဘ်ဆိုဒ် ဖြစ်သော bioRxiv သို့ ပေးပို့ခဲ့သည်။

သုတေသီများသည် ၎င်းတို့၏တွေ့ ရှိချက်များကို ဂျာနယ်များတွင် တရား ဝင်မဖော်ပြမီ   သိပ္ပံအသိုင်းအဝိုင်းသို့ bioRxiv ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဖော်ပြ ပြီး အကြမ်းဖျင်း တွေ့ရှိချက်များအပေါ် ယင်းတို့ထံမှမှတ်ချက်များ ပြန်လည်ရ ရှိခဲ့သည်ဟု သိရသည်။

ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ