နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်တွင် COVID-19 ကာကွယ်ဆေးထိုးနှံရန်ငြင်းဆိုသည့် တပ်ဖွဲ့ဝင် ၇၀ ရာထူးမှ ဆိုင်းငံ့

အစ္စလာမ်မာဘတ်၊  ဇွန် ၄ 


ပါကစ္စတန်တောင်ပိုင်း ဘာလိုချီစ တန် ပြည်နယ်တွင် COVID-19 ကာကွယ် ဆေးထိုးနှံခံရန် ငြင်းဆိုသည့် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၇၀ ကို လစာမပေးဘဲ တာဝန်မှ ဆိုင်းငံ့ခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက   ပြောကြားလိုက် သည်။


COVID-19 ကာကွယ်ဆေး ထိုးနှံ ခံရန် စာဖြင့်သတိပေးခြင်း၊ နှုတ်ဖြင့် တောင်းဆိုခြင်းများ  အကြိမ်ကြိမ်လုပ် ဆောင်ခဲ့ပြီးနောက် ဇွန် ၃၀ ရက်တွင် တပ်ဖွဲ့ဝင် ၇၀ ကို ရာထူးမှ ဆိုင်းငံ့လိုက် ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရ ထိပ် တန်းတာဝန်ရှိသူတစ်ဦးက အတည်ပြု ခဲ့သည်။ 


ကာကွယ်ဆေး မထိုးထားသူများကို အစိုးရရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော ပန်းခြံများ၊ ဈေးဝယ်ကုန် တိုက်များနှင့် အများပြည်သူသယ်ယူပို့ ဆောင်ရေးယာဉ်များ အတွင်းသို့ ဝင် ရောက်ခြင်းကို ပိတ်ပင်တားမြစ်သည့်စီမံ ချက်ကို   အကောင်အထည်ဖော် ဆောင် ရွက်ရန် ဘာလိုချီစတန် အာဏာပိုင် များက ယခုလတွင် စီစဉ်နေကြသည်။ 


ပါကစ္စတန်၏  တစ်နိုင်ငံလုံးအနှံ့ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို မ ကြာသေးမီ သီတင်းပတ်များအတွင်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး     နေ့စဉ် COVID-19 ကာကွယ်ဆေးအလုံးရေ ၃၅၀,ဝ၀ဝ ကျော်ကို ထိုးနှံပေးလျက်ရှိ သည်။ 


သို့သော် ကာကွယ်ဆေး၏ဘေး ထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုများရှိနေခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါက နှစ်နှစ်အတွင်း ကလေးမ ရခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်နိုင် သည်ဟူသော သတင်းမှားများကြောင့် စိုးရိမ်ထိတ်လန့်မှုများ    ရှိနေခြင်းက COVID-19 ကာကွယ်ဆေးထိုးနှံခံရန် ချီတုံချတုံဖြစ်မှုကို ပိုမိုမြင့်တက်စေခဲ့ သည်။

ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ