နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်၏ နျူကလီးယားအင်အားတည်ဆောက်မှု စိုးရိမ်ကြောင်း အမေရိကန် ပြော

ဝါရှင်တန်၊  ဇူလိုင် ၄ 


တရုတ်နိုင်ငံ၏    လျင်မြန်သည့် နျူကလီးယားတပ်ဖွဲ့အင်အား တည် ဆောက်မှုသည် စိုးရိမ်ဖွယ် ဖြစ်ကြောင်း အမေရိကန်     နိုင်ငံခြားရေးဌာနက ဇူလိုင်လအစောပိုင်းက ပြောကြားလိုက် သည်။ 


တရုတ်အနေဖြင့် မတည်မငြိမ်ဖြစ် စေသည့် လက်နက်ပြိုင်ဆိုင်မှု အန္တရာယ် ကို လျှော့ချရန် လက်တွေ့ကျသည့် စီမံချက်များတွင် ပါဝင်လုပ်ဆောင်ရန် အမေရိကန်က တိုက်တွန်းခဲ့ပြီး ယင်း ၏ နျူကလီးယားတပ်ဖွဲ့အင်အားတည် ဆောက်မှုကို ဖုံးကွယ်ရန် ပိုမိုခက်ခဲ လာပြီး အနိမ့်ဆုံးအဆင့် အဟန့်အတား ကိုသာ အခြေခံခဲ့သည့် ဆယ်စုနှစ်များ စွာကြာ        ကျင့်သုံးလာခဲ့သည့် နျူကလီးယား မဟာဗျူဟာနှင့် သွေဖည် လာဖွယ်ရှိသည်ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန်ပြုလုပ်နေ ကျဖြစ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


တရုတ်သည် နိုင်ငံအနောက်ပိုင်းရှိ သဲကန္တရထဲတွင် ဒုံးကျည်များပစ်လွှတ် ရန် အသင့်ထောင်လျက်ထားရှိသည့် မြေအောက်စခန်းအသစ် ၁၀ဝ ကျော် တည်ဆောက်ခဲ့သည်ဟု Washington Post သတင်းစာ၏ ဖော်ပြချက်နှင့် ပတ် သက်ပြီး ယင်းက ယခုကဲ့သို့ တုံ့ပြန်ခဲ့ ခြင်း ဖြစ်သည်။

 သမ္မတ ရှီကမူ တရုတ်၏ လုံခြုံရေး နှင့် အချုပ်အခြာအာဏာကို ကာကွယ်ပြီး ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ဟောင်ကောင်တွင် တည်ငြိမ်မှု ရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြော ကြားထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ