တိုကျို၊ ဇူလိုင် ၃
အာရှစက်ရုံများ၏ လုပ်ငန်းများ သည် ဇွန်လတွင် အရှိန်လျော့ကျအား နည်းလာသည်ကိုတွေ့ရပြီး အချို့နိုင်ငံ များအနေဖြင့် သွင်းအားစု စရိတ်တက် လာခြင်းကြောင့် ရုန်းကန်နေရသဖြင့် လုပ်ငန်းလည်ပတ်မှု အရှိန်လျော့ကျလာ ကြောင်း သိရသည်။
ဗီယက်နမ်နှင့် မလေးရှားသည် အ ထူးသဖြင့် ဆိုးရွားစွာထိခိုက်နေသည့် နှစ် နိုင်ငံဖြစ်ကြောင်း၊ ယင်းနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်မှုများကြောင့် ထုတ်လုပ်မှုများသည် ဇွန်လတွင် ကျ ဆင်းလာပြီး ကပ်ဘေးနာလန်ထူရန် အ နောက်နိုင်ငံစီးပွားရေးထက် နောက်ကျ နေသည့် ဒေသအတွက် ပိုပြီးအခက်ဖြစ် စေကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ စက်ရုံများသည် ဇွန် လတွင် အရှိန်နှေးကွေးစွာ လည်ပတ် နေပြီး ထုတ်လုပ်မှုနှုန်းထားမှာ ၁၅ လ အတွင်း အနိမ့်ဆုံးအဆင့်ရောက်ခဲ့ ကြောင်း လေ့လာဆန်းစစ်မှုတွင် ဖော်ပြ ထားသည်။ ကုန်ကြမ်းဈေးတက်လာပြီး ဝယ်ယူ ရန် မလုံလောက်မှုများကလည်း ဂျပန်အပါအဝင် အာရှ၏ ထုတ်ကုန် အင်အားကြီးနိုင်ငံများကို ထိခိုက်နစ်နာ နေစေခဲ့ကြောင်း၊ လေးလတာအတွင်း ထိခိုက်မှုများမှာ သိသာနေသည့် အနေ အထားရောက်ရှိနေကြောင်း သိရသည်။
မျိုးဝင်း(Ref; Reuters)