နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုလာလုပ်ငန်းများတွင် အဓမ္မခိုင်းစေသည်ဆိုသော စွပ်စွဲချက် တရုတ်ဆိုလာအသင်းဖြေရှင်း

 ရှန်ဟိုင်း၊ ဇူလိုင်  ၃ 


တရုတ်နိုင်ငံမှ ဆိုလာလုပ်ငန်းများ အနေဖြင့် ရှင်ကျန်းတွင် အဓမ္မလုပ်အား ခိုင်းစေမှုများမှ အကျိုးအမြတ်များရရှိနေ သည်ဆိုသည့်    စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း   တရုတ်နိုင်ငံ ဆိုလာအသင်းက   ဖြေရှင်းပြောကြား လိုက်သည်။ 


Hoshine Silicon Industry Co နှင့် GCL New Energy Holdings ၏ လုပ်ငန်းတစ်ခုအပါအဝင် တရုတ်ဆိုလာ ကုမ္ပဏီ ၅ ခုသည် ရှင်ကျန်းတွင်အဓမ္မ လုပ်အားအသုံးပြုနေသည်ဟု အမေရိကန် ပြည်ထောင်စုက     လွန်ခဲ့သောရက် သတ္တပတ်ကစွပ်စွဲပြီး ထိုလုပ်ငန်းများမှ သွင်းကုန်များကို ပိတ်ပင်ခဲ့သည်။ 


အဓမ္မလုပ်အားခိုင်းစေမှုသည် ရှင်ကျန်းမှ     ဝီဂါများနှင့်    အခြား တိုင်းရင်းသားနှင့်  ဘာသာရေးလူနည်း စုများကို တရုတ်နိုင်ငံက စနစ်တကျ လူ့အခွင့်အရေး  ချိုးဖောက်ရာတွင် ခွဲထုတ်မရသည့်    အစိတ်အပိုင်းဖြစ်ကြာင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။ 


ယင်းတို့သည် ရှင်ကျန်းပြည်နယ်မှ ထုတ်လုပ်ရေးစက်ရုံများကို မကြာသေး မီက စစ်ဆေးခဲ့ကြောင်း၊ အမေရိကန် ၏ စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း တရုတ်ဆိုလာအသင်းဖြစ် သည့် China Photovoltaic Industry Association က ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့ သည်။                    

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ