နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာအမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးစာချုပ်အဖွဲ့ဝင်တူရကီ တရားဝင်နုတ်ထွက်

အန်ကာရာ၊  ဇူလိုင် ၃ 


တူရကီနိုင်ငံသည်        နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ် ရေး သဘောတူစာချုပ်အဖွဲ့ဝင်အဖြစ်မှ တရားဝင်နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ 


တူရကီသမ္မတအနေဖြင့် ယခုကဲ့ သို့ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို မတ်လ အတွင်း     ကြေညာပြီးကတည်းက တူရကီအများစုနှင့် အနောက်မဟာမိတ် များက ရှုံ့ချခဲ့ကြခြင်းဖြစ်ပြီး တရားရုံး မှ နုတ်ထွက်ခြင်းကို ရပ်ဆိုင်းရန် အယူ ခံပယ်ချပြီးချိန်တွင် လူထောင်ပေါင်းများ စွာသည် တူရကီနိုင်ငံအနှံ့ ဆန္ဒပြပွဲများ လုပ်ခဲ့ကြသည်။  


ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ “ကျွန်မ တို့ ဆက်ပြီးရုန်းကန်တိုက်သွားမယ်” လို့ တူရကီအမျိုးသမီး ဖက်ဒရေးရှင်း ဥက္ကဋ္ဌ ကင်နန်ဂူလုက ပြောသည်။ တူရ ကီသည် အဆိုပါဆုံးဖြတ်ချက်နှင့် ကိုယ့် ခြေထောက် ကိုယ်ပြန်ရိုက်ချိုးခြင်းမှာမ ဖြစ်သင့်ကြောင်း   သူမကဆက်ပြော သည်။ 


တူရကီ၏ အကြီးဆုံးမြို့တွင် ညှိနှိုင်း စေ့စပ်ခဲ့ကြသည့် အီစတန်ဘူ ကွန်ဗင်း ရှင်းကို ၂၀၁၁ ခုနှစ်က လက်မှတ်ရေး ထိုးခဲ့ကြပြီး အိမ်တွင်း အကြမ်းဖက်မှု များကို တားဆီးအရေးယူရန်နှင့် တန်း တူညီမျှမှုကို တိုးမြှင့်အားပေးရန် ရည် ရွယ်ထားကြောင်း သိရသည်။ 


တူရကီ၏ ယခုလိုနုတ်ထွက်မှုကို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က ရှုံ့ချ ပြစ်တင်ခဲ့ကြသည်။

ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ