နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃ ခုနှစ်အထိ ကမ္ဘာ့ခရီးသွားလုပ်ငန်း ပြန်ကောင်းလာရန် လမ်းစမရှိ ကုလအေဂျင်စီပြော

နယူးယောက်၊  ဇူလိုင် ၃  


လာမည့် ၂၀၂၃ ခုနှစ်အထိ ကမ္ဘာ့ ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်း မွန်လာမည်မဟုတ်ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ထုတ်ဖော်ပြောကြားလိုက် သည်။ 

ယခုနှစ်ပိုင်းများတွင် နိုင်ငံတကာခရီးသွားရောက်ရှိမှုမှာ အချို့သော အ နောက်နိုင်ငံဈေးကွက်များမှလွဲ၍ ထိုင်း မှိုင်းနေဦးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ၏ လေ့လာချက်တစ်ခုတွင် ဖော်ပြထား သည်။ 


ယင်း ထုတ်ပြန်ကြေညာချက်အရ ခရီးသွားလုပ်ငန်း၏ ဆုံးရှုံးမှုတန်ဖိုးမှာ ယခုကာလများအတွင်း ၂ ဒသမ ၄ ထရီ လီယံအထိရှိပြီး ၂၀၂၁အထိ အပြည့်အဝ ပြန်ကောင်းလာရန် မရှိသေးကြောင်း ပြောထားသည်။ 


Covid-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ထိုးပြီးကြောင်း သက်သေခံလက်မှတ် များသည် နိုင်ငံခြားခရီးသွားလုပ်ငန်း တွင် ယုံကြည်မှု ပြန်လည်ရရှိရန် အဓိက အချက်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်တွင် နိုင်ငံ တကာခရီးသွားရောက်ရှိမှုမှာ ၂၀၁၉ ကပ် ရောဂါမတိုင်ခင်ကာလနှင့် ယှဉ်ပါက ၇၃ ရာခိုင်နှုန်းကျဆင်းသွားပြီး ခရီးသွားလုပ် ငန်းနှင့် ယင်းနှင့်ဆက်စပ်သည့်လုပ်ငန်း များတွင် ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ ဆုံးရှုံးမှုဖြစ်သွားစေကြောင်း UNCTAD နှင့် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့ UNWTO တို့ရဲ့အစီရင်ခံစာအရ သိရ သည်။      

  ရဲခေါင် (Ref :Reuters)






အခြားဆက်စပ်သတင်းများ