ပြုံယမ်း၊ ဇူလိုင် ၃
ကမ္ဘာ့ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် များအရ မြောက်ကိုရီးယားနိုင်ငံတွင် အငတ်ဘေးကြုံနေရကြောင်း သိရပြီး ယင်းကိစ္စကို ဖြေရှင်းနိုင်စွမ်းမရှိသဖြင့် မြောက်ကိုရီးယားအစိုးရသည် အခက် တွေ့နေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားအနေဖြင့် ပိတ်ဆို့ အရေးယူမှုများ၊ တရုတ်နယ်စပ်နေရာ ကို Covid အန္တရာယ်ကြောင့် ပိတ်ထား ခြင်းများနှင့် တိုင်ဖွန်း မုန်တိုင်းဒဏ်ခံခဲ့ရ မှုများကြောင့် စားနပ်ရိက္ခာရှားပါးမှု အန္တရာယ်ကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး မြောက်ကိုရီးယား အစိုးရဘက်က ယင်း ကို အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းမရှိပါက လူအသေအပျောက်ပိုများ လာနိုင်ကြောင်း ကုလသမဂ္ဂက အသိ ပေးထားခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် သည် နိုင်ငံ၏ ရိက္ခာပြတ်လပ် မှုကို ရင်ဆိုင်ရမည်ကိုစိုးရိမ်ကြောင်း ထုတ် ဖော်ပြောကြားထားပြီး လက်တွေ့ အခြေအနေအရ မြောက်ကိုရီးယား အောက်ခြေလူတန်းစားများသည် အငတ်ဘေးကြောင့် အခက်တွေ့နေရပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား ထားသည်။
မြောက်ကိုရီးယားသည် စိုက်ပျိုးရေး ကို အားပြုသည့်တိုင်းပြည်ဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းကြောင့် လယ်ယာမြေ၊ သီးနှံစိုက်ပျိုးထားမှုများ ပျက်စီးသွားခဲ့ရ ခြင်းမှာနိုင်ငံကို အထိနာစေခဲ့ကြောင်း ကင်ဂျုံအန်က အသိပေးထားသည်။
မျိုးဝင်း (ref;BBC)