နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဇပြောင်း Covid-19 အန္တရာယ်လူတိုင်းလူတိုင်းကာကွယ်ကြ

 ဇူလိုင် ၂ 


တတိယလှိုင်းအသွင်ဖြစ်ပေါ်လာသည့် ဗီဇပြောင်း Covid-19 ရောဂါလက္ခဏာများကိုမိဘပြည်သူများ သတိပြု ဆင်ခြင်နိုင်စေရန် တင်ပြပါသည်။


ဗီဇပြောင်း Covid-19 ရောဂါကူးစက်ခံရပါက ယခင် Covid-19 ရောဂါကူးစက်ပုံနှင့် အနည်းငယ်ကွာခြားသည်ကို သိရှိနိုင်စေရန်အတွက်သတိပြုရမည့်အချက်များမှာ.....................


ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်တွင်....................

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာမည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်ဘဲရှိနေမည်။

   

၄ ရက်မြောက်နေ့၌

၁။ အာသီးအနည်းငယ်ယောင်လာမည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာမည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။     

     သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။  

      ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့

       အနည်းငယ် မူးဝေနေမည်။


၅ ရက်မြောက်နေ့တွင်

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။


၆ ရက်မြောက်နေ့တွင်လည်း

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။


၇ ​ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ

   ​ထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။


၈ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး အပြင်း အထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။

၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ

    ​နာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး

    ​ကိုက်ခဲနာကျင်မည်။


၉ ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိခံစားနေရပေမည်။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်

    ​ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့  

    ​ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်   

   ​လိုအပ်လာပြီဖြစ်သည်။


ဗီဇပြောင်း Covid-19 ရောဂါအားကူးစက်မှုမခံရစေရန် အကြံပြု ပါသည်။

၁။ မတ်(စ်)တပ်ပါ။

၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ။

၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။

၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖျန်းပါ။

၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ။

၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။

မိဘပြည်သူများ ဂရုစိုက်ကြပါ။

ထိုင်းနိုင်ငံချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ချက်ကိုပြန် လည်မျှဝေပါသည်။                                                 မောင်မောင






အခြားဆက်စပ်သတင်းများ