ပြုံယမ်း၊ ဇူလိုင် ၂
မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်း ရပ်စ်တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ပြင်းထန်သော ဖြစ်ရပ်များဖြစ်နေ ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဝန်ခံလိုက်သည်ဟု မြောက် ကိုရီးယားအစိုးရပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။
ထိုသတင်းအရ ကင်ဂျုံအန်သည် အလုပ်သမားပါတီ နိုင်ငံရေးဦးဆောင်အ ဖွဲ့ အစည်းအဝေးအတွင်း နိုင်ငံတွင်ဖြစ် ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ် ရေးနှင့်ပတ်သက်သည့် ပြင်းထန်သော ဖြစ်ရပ်တစ်ခုနှင့် နိုင်ငံနှင့်ပြည်သူများ အတွက် လုံခြုံရေး အကျပ်အတည်းဖြစ် နိုင်သည့် အခြေအနေများကို အစီရင်ခံ ကြောင်း သိရသည်။
ပါတီကွန်ဂရက်နှင့် စုံညီအစည်း အဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သော အရေးပါသည့်ကိစ္စများ အကောင်အ ထည်ဖေါ်ခြင်းကို အဟန့်အတားဖြစ်စေ သည့် အဓိကအချက်မှာ ကေဒါများက တာဝန်ခံမှု ကင်းမဲ့ခြင်းဖြစ်ကြောင်းသူ၏ မိန့်ခွန်းအတွင်း ကင်ဂျုံအန်ပြောခဲ့ ကြောင်း၊ ယင်းကိစ္စအတွက် အတွေးအ ခေါ် မှားယွင်းမှုများနှင့် ဆန့်ကျင်ဖက် အင်အားစုများကို တိုက်ဖျက်ရန် တိုက် တွန်းထားကြောင်း သိရ သည်။
နိုင်ငံအတွင်း ရောဂါကူးစက်မှုနှင့် ပတ်သက်သည့် အသေးစိတ်များကို မသိ ရသဖြင့် ကမ္ဘာ့မီဒီယာများကစိတ်ဝင် စားလျက်ရှိသည်။
မြောက်ကိုရီးယားသည် အချိန်မီ နယ်စပ်ပိတ်ထားခြင်းနှင့် ကျန်းမာရေး အစီအမံများကြောင့် Covid စတင်ဖြစ် ပွားချိန်မှစပြီး လုံးဝရောဂါကင်းကြောင်း ကြေညာခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။
ရဲခေါင် (ref; BBC)