နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘန်ကောက်အနီးဆောက်လုပ်ရေးလုပ်ငန်းခွင် ဆိုက် ၆၀ဝ နီးပါးကို ကန့်သတ်ပိတ်ဆို့

ဘန်ကောက်၊  ဇူလိုင် ၂ 


ထိုင်းနိုင်ငံတွင် Covid တတိယလှိုင်း ကူးစက်မှုကြောင့် ရွေပြောင်း အလုပ် သမားအများအပြား ကူးစက်မှုတိုးမြင့် လာရာ    ဘန်ကောက်အနီးတဝိုက်ရှိ ဆောက်လုပ်ရေး ဆိုက် ၆၀ဝ ခန့်ကို ဇွန်လကုန်မှစ၍ တစ်လကြာကန့်သတ် ပိတ်ဆို့လိုက် ပြီဖြစ်သည်။ 


ယင်းသို့လုပ်ဆောင်ပြီးချိန်တွင် ရွေ့ ပြောင်းလုပ်သားအချို့သည် ကန့်သတ် ပိတ်ဆိုထားသည့်နေရာမှ ထွက်ပြေးခြင်း များပြုလုပ်လာကြရာ အဆိုပါ ဆောက် လုပ်ရေးဆိုက် ၆၀ဝ ကို လုံခြုံရေးများ ဖြင့် စောင့်ကြပ်ထားရကြောင်း သိရ သည်။ 


ထိုင်းအစိုးရအနေဖြင့် ဘန်ကောက် ရှိ ဆောက်လုပ်ရေးဆိုက် ၆၀ဝ မှ အလုပ် သမား ၇သောင်း၊ ၈သောင်း ဝန်းကျင်ကို Covid ကူးစက်မှု များလာခြင်းကြောင့် ကန့်သတ်ပိတ်ဆို့ထားခြင်းဖြစ်ပြီး တစ် လတာ ပိတ်ဆို့ကန်သတ်ထားချိန်တွင် အလုပ်သမားများ၏ အကျိုးခံစားခွင့်နှင့် ပတ်သက်၍လည်း လစာထက်ဝက်ကို ပေးသွားရန် စီစဉ်ထားသည်ဟု အာဏာ ပိုင်များက ပြောသည်။ 


ထိုင်းနိုင်ငံလုံးတွင် Covid အတည် ပြုလူနာ ၂ သိန်း ၅သောင်း ၉ ထောင် ကျော်ရှိနေပြီး ဇွန်လကုန်တွင် လူနာ အသစ် လေးထောင်ကျော်တိုးလာကာ သေဆုံးသူမှာ  ၂၀၂၃ ဦး   ရှိသွားပြီဖြစ် ကြောင်း    ထိုင်းကျန်းမာရေးဌာနက တရားဝင်     သတင်းထုတ်ပြန်ထားသည်။ 

ရဲခေါင် (ref; Bangok Post)






အခြားဆက်စပ်သတင်းများ