ဝါရှင်တန်၊ ဇူလိုင် ၂
အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေး သည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိ ခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်း ရပ်စ်အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်များကို ကာကွယ်နိုင်သည့် အလားအလာရှိကြောင်း ယင်းကုမ္ပဏီ က ပြောကြားခဲ့သည်။
အဆိုပါ ရလဒ်များသည် Moderna COVID-19 ကာကွယ်ဆေး ဒုတိယအ ကြိမ်ထိုးနှံပြီး ရက်သတ္တပတ် တစ်ပတ် ကြာပြီးနောက် ဆေးထိုးနှံထားသူ ၈ ဦး ကို sera ကုမ္ပဏီ၏ ကြားဖြတ်လေ့လာမှု မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းကာကွယ်ဆေးသည် တောင်အာ ဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့သော B.1.351 သိပ္ပံအမည်ရှိသည့် Beta ဗီဇ ပြောင်းဗိုင်းရပ်စ်၊ အိန္ဒိယတွင်ပထမ ဆုံးတွေ့ရသော B.1.617 ၏ မျိုးကွဲ သုံးခုဖြစ်သော Kappa (B.1.617.1) နှင့် the Delta variant (B.1.617.2) တို့အပြင် နိုင်ဂျီးရီးယားတွင် ပထမဆုံး တွေ့ရသည့် Eta variant (B.1.525) နှင့် ယူဂန္ဓာနှင့် အန်ဂိုလာတို့တွင်ပထမ ဆုံးတွေ့ရှိခဲ့သော A.23.1 နှင့် A.VOI.V2 မျိုးဗီဇပြောင်းဗိုင်းရပ်စ် စသည် တို့ အားလုံးကိုတိုက်ဖျက်ရန် ကြားခံ ပစ္စည်းများကို ထုတ်လုပ်ပေးခဲ့ကြောင်း Moderna အဆိုအရ သိရသည်။
၎င်းအချက်အလက်အသစ်များမှာ သိပ္ပံပညာရပ်ဆိုင်ရာ အထောက်အထား တစ်ခုအဖြစ် bioRxiv ထံ တင်သွင်းထား ခြင်းဖြစ်ပြီး ပညာရှင်ဆိုင်ရာ သုံးသပ် ခြင်း၊ ပြုလုပ်ထားခြင်း မရှိသေးကြောင်း သိရသည်။ မျိုးဝင်း (ref; Xinhua)