ဝါရှင်တန်၊ ဇူလိုင် ၂
အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေးဝန်ကြီးဟောင်း Donald Rumsfeld သည် ပြီးခဲ့သည့် ဇွန်လကုန် ညပိုင်းက New Mexico ပြည်နယ်ရှိ Taos မြို့လေးတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။
သေဆုံးချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သော Rumsfeld သည် ကန် ကာကွယ် ရေးဝန်ကြီးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ကာ သမ္မတ ရွေးကောက်ပွဲကိုလည်း တစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယင်းအနေဖြင့် ကန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန် သမ္မတ ဂျော့ဒဗလှူဘွတ်ရှ် လက်ထက်တွင် အီရတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်အချိန် စက်တင်ဘာ ၁၁ ရက် ကမ္ဘာ ကျော်အမြွှာကုန်သွယ်ရေးမျှော်စင် တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်မှုကို တာဝန်ရှိ သည့် အယ်လ်ကိုင်ဒါနှင့် တာလီဘန်အဖွဲ့ရှိရာ အာဖဂန်နစ္စတန်ကို တိုက်ခိုက် ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။
Rumsfeld သည် ကန်သမ္မတ လေးဆက်အထိတိုင်အောင် အစိုးရအဖွဲ့အတွင်း အဓိကတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
ရဲခေါင် (ref; Reuters)