နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ရာပြည့်အခမ်းအနားကျင်းပ

ဘေကျင်း၊  ဇူလိုင် ၂ 


တရုတ်ကွန်မြူနစ်ပါတီ    တည် ထောင်ခြင်း  ရာပြည့်အခမ်းနားအတွက် မဟာစုဝေးပွဲကို အောင်မြင်စွာကျင်းပပြီး စီးခဲ့ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်လိုက်သည်။ 


အဆိုပါပွဲသည်  လွန်ခဲ့သော နှစ် ၁၀ဝ အတွင်း နိုင်ငံအင်အားပြန်လည် တောင့်တင်းရေးအတွက် ပါတီသည် ပြည်သူများကို ဒီမိုကရေစီသစ်တော်လှန် ရေး၊ ဆိုရှယ်လစ် တော်လှန်ရေးနှင့် တည် ဆောက်ရေး၊   ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ခြင်းနှင့် ဆိုရှယ်လစ်ခေတ်မီ ရေးနှင့် ခေတ်သစ် တရုတ်ပုံစံ ဆိုရှယ် လစ်ဝါဒ ထူထောင်ရေးတွင် ဦးဆောင် ခဲ့ရသည်များကို အမှတ်ရစေမည့် ပွဲဖြစ် သည်။  ပြင်းထန်သော တိုက်ပွဲများမှတစ် ဆင့်ပါတီနှင့် ပြည်သူများသည် ဆိုရှယ် လစ်ဝါဒကသာ တရုတ်နိုင်ငံကို ကယ် တင်နိုင်ကြောင်းနှင့် တရုတ်နိုင်ငံတွင် တရုတ်ပုံစံ ဆိုရှယ်လစ်ဝါဒသာ အောင်ပွဲ ခံနိုင်ကြောင်း ပြသခဲ့သည်ဟု သမ္မတရှီ က ပြောသည်။ 


တရုတ်ကွန်မြူနစ်ပါတီ တည်ထောင် သော စိတ်ဓါတ်ဖြစ်သည့် ပြည်သူလူ ထုအပေါ် သစ္စာရှိခြင်းသည် ပါတီ၏ ခွန် အားဖြစ်ကြောင်းနှင့် ဆက်လက်ပြုစုပျိုး ထောင်မည်ဖြစ်ကြောင်း ၊ လွန်ခဲ့သော နှစ် ၁၀ဝ အတွင်းရရှိသော အောင်မြင်မှု များသည် တရုတ်ကွန်မြူနစ်များနှင့် ပြည် သူများ တက်ညီလက်ညီဆောင်ရွက် သောကြောင့်ဖြစ်ကြောင်း၊ ပြည်သူများ သည် သမိုင်းကိုဖန်တီးသူများဖြစ်သော ကြောင့် သူရဲကောင်းများ ဖြစ်ကြောင်း လည်း ရှီက အဆိုပါပွဲတွင် ပြောကြားခဲ့ သည်။                    

မျိုးဝင်း (ref; BBC)






အခြားဆက်စပ်သတင်းများ