နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကမ်းလွန်၌ ခရီးသည်တင်သင်္ဘောတိမ်းမှောက်

ဂျာကာတာ၊  ဇူလိုင် ၁


အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်း လွန်၌  လူပေါင်းများစွာ လိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက် မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးခဲ့ပြီး ကယ် ဆယ်ရေးလုပ်ငန်းများ   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ် ရေး သမားတစ်ဦးနှင့် ရဲအရာရှိကြီး တစ် ဦးက ပြောကြားခဲ့သည်။ 


ခရီးသည် စုစုပေါင်း ၄၁ ဦးနှင့် သင်္ဘော သား ၁၅ ဦး လိုက်ပါလာ သော Yunicee သင်္ဘောသည် ၎င်းဆိုက်ကပ် ရမည့် ဘာလီရှိ Gilimanuk ဆိပ်ကမ်းသို့ မရောက်ရှိမီ ဇွန် ၂၉ ရက်၊ ညနေပိုင်းက နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း အရှေ့ ဂျာဗားပြည်နယ်၊ ရှာဖွေရေးနှင့်ကယ် ဆယ်ရေးရုံး   အကြီးအကဲ   Wayan Suyatna က ပြောသည်။


 အဆိုပါ သင်္ဘောသည် အရှေ့ဂျာဗား ပြည်နယ်အနီး Ketapang ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ မမျှော်လင့် ထားသည့် ရာသီဥတုဖြစ်စဉ်ကြောင့် မ တော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


သေဆုံးသူများ၏ ရုပ်အလောင်းများ ကို အနီးအနားရှိ ဆေးခန်းသို့ ပို့ဆောင် ပေးခဲ့ကြောင်း ယင်းရဲအရာရှိကဆိုသည်။ ယခုအချိန်အထိ လူ ၄၄ ဦးကို ကယ် တင်နိုင်ခဲ့ပြီး ၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း Ketut ကဆိုသည်။

မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ