အော့တဝါ၊ ဇူလိုင် ၁
ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံ ရှိ အချို့သော ဒေသများတွင် အပူလှိုင်း ဖြတ်သန်းတိုက်ခတ်မှုကြောင့် အပူချိန် သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့ကြောင်း သိရသည်။
ကနေဒါနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ကနေဒါနိုင်ငံ အနောက် တောင်ပိုင်း British Columbia ပြည်နယ်ရှိ Lytton ရွာ၏ အပူချိန်သည် ၄၇.၉ ဒီဂရီဆဲလ်စီယပ်စ် အထိရောက် ရှိခဲ့ပြီး ကနေဒါနိုင်ငံ၏ မှတ်တမ်းများအ တွင်း အမြင့်ဆုံး အပူချိန်အဖြစ် စံချိန် သစ်တင်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့်အပတ်က ကနေဒါနိုင်ငံ British Columbia ပြည်နယ်ရှိ နေရာ ပေါင်း ၄၀ ကျော်၏ အပူချိန်သည် ယခင် ကရှိခဲ့သော အမြင့်ဆုံး အပူချိန်ကို စံချိန် ဖြတ်ကျော်ခဲ့ပြီး နာမည်ကျော်နှင်းလျော စီးသည့် စကိတ်ကွင်းတည်ရှိရာ Whistler မြို့လည်း ပါဝင်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ကနေဒါနိုင်ငံနှင့် နီး ကပ်သည့် အမေရိကန်နိုင်ငံအနောက် မြောက်ပိုင်းဒေသများတွင်လည်း အပူ လှိုင်း ဖြတ်သန်းတိုက်ခတ်မှုဖြစ်ပွားခဲ့ ကြောင်း၊ အမေရိကန်နိုင်ငံ ဝါရှင်တန် ပြည်နယ် Seattle မြို့၏ ဇွန် ၂၈ ရက်အပူ ချိန် သည် ၄၂ ဒီဂရီဆဲလ်စီယပ်စ်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)