နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နီပေါတွင် လက်ရေးမူဗီဇာကို ဒစ်ဂျစ်တယ်ဗီဇာစနစ် ပြောင်းလဲလုပ်ဆောင်

ခတ္တမန္ဒူ၊  ဇူလိုင် ၁ 


နီပေါနိုင်ငံတွင် ၄၅ နှစ်ကြာ ကျင့်သုံး ခဲ့သည့် လက်ရေးမူဖြင့်ရေးသွင်းရသော ဗီဇာစနစ်ကို ဇွန် ၂၈ ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဗီဇာစနစ်ဖြင့် စတင်အစား ထိုးအသုံးပြုခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဒီဂျစ်တယ်ဗီဇာစနစ် စတင် အသုံးပြု ခြင်းအခမ်းအနားတွင် နီပေါ ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထဲရေး ဝန်ကြီး Bishnu Prasad Paudel က လူဝင်မှုကြီးကြပ်ရေးဌာန၏ ဘက်ပေါင်း စုံပေါင်းစပ်ထားသော အချက်အလက် စနစ်မှ  ဒစ်ဂျစ်တယ်နည်းဖြင့်ထုတ်လုပ် ထားသည့် ဗီဇာစနစ်သစ်ကို အသုံးပြု သွားမည်ဖြစ်ကြောင်း ဆိုသည်။ 


လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ  ဒစ်ဂျစ်တယ်ဗီဇာ စနစ်တွင် သုံးဖက်မြင်ပုံရိပ်နှင့် ရေစာအ မှတ်အသား ပါဝင်မည်ဖြစ်ကြောင်း၊  လုံခြုံရေးအင်္ဂါရပ်များအနေဖြင့် ရေစာအ မှတ်အသားနှင့် ဗီဇာစတစ်ကာအတွင်း ရှိ QR Code ပါသော ရေစာအမှတ်အ သားနှင့် ဗီဇာ၏အသေးစိတ်အချက်အ လက်များ  ပါဝင်မည်ဖြစ်ကြောင်းနှင့် အာဏာပိုင်များအနေဖြင့် QR code ဖတ်သူများ၏ အကူအညီဖြင့် မှန်ကန်မှုရှိ မရှိကို စစ်ဆေးဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဒစ်ဂျစ်တယ်စနစ်ဖြင့် ဗီဇာထုတ် ပေး ရာတွင် အသေး စိတ်အချက်အလက် များကို အပြောင်းအလဲပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းဌာနကဆိုသည်။ 


အလားတူ နိုင်ငံကူးလက်မှတ်၏ စာမျက်နှာတစ်ခုတွင် ဗီဇာစတစ်ကာ ၃ ခုထားရှိနိုင်ကြောင်းနှင့် ဆော့ဖ်ဝဲလ် စနစ်ဖြင့် ဗီဇာနံပါတ်များကိုထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

စနစ်သစ်အရ ဗီဇာလုံခြုံရေးနှင့်စီမံ ခန့်ခွဲမှု ပိုမိုကောင်းမွန်လာမည်ဟု မျှော် လင့်ရကြောင်း ဌာန၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ