နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့နေခြင်းကြောင့် ဗြိတိန်လေကြောင်းလိုင်းများ ဟောင်ကောင် ယာယီတားမြစ်

ဟောင်ကောင်၊  ဇူလိုင် ၁


ကူးစက်နှုန်းမြန်ဆန်သည့် Covid မျိုး ကွဲ ဒယ်လ်တာမျိုးစိတ်ကြောင့် ဗြိတိန် မှလာရောက်သည့် လေကြောင်းခရီးစဉ် များကို ဟောင်ကောင်က ဆိုင်းငံ့လိုက် သည်။ 


ဇွန်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် ဟောင်ကောင် ဒေသန္တရအစိုးရထုတ်ပြန် မူတွင် "အစိုးရ၏ ယနေ့ထုတ်ပြန်ချက် များကို ကိုးကားကာ အထူးသဖြင့် ယူ ကေမှ လေကြောင်းပြေးဆွဲမှုလုပ်ငန်းစဉ် များကို ဆိုင်းငံ့လိုက်ပါတယ်" ဟု ဖော် ပြခဲ့သည်။ 


အဆိုပါ ကြေငြာချက်အရ ဗြိတိန် သည်  Covid ရောဂါ  အလွန်အမင်း အန္တရာယ်ရှိသည့်နိုင်ငံများ စာရင်းဝင် နိုင်ငံလည်းဖြစ်ကြောင်း ဆိုလိုခြင်းဖြစ် ပြီး ယခုဆုံးဖြတ်ချက်ကို မကြာသေးမီက ယူကေတွင် ကပ်ရောဂါဖြစ်ပွားမှု ပြန် လည်ဖြစ်ပွားလာခြင်းနှင့် ကျယ်ကျယ် ပြန့်ပြန့် ကူးစက်နေသော ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲများကြောင့် ဆုံးဖြတ် ချက်ချခြင်းဖြစ်ကြောင်း သိရသည်။ 

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုမှာ ဇန်နဝါရီနောက်ပိုင်းအမြင့် ဆုံးကူးစက်ခဲ့ပြီး အိန္ဒိယတွင် ပထမဆုံး တွေ့ရှိခဲ့သည့်   ဒယ်လ်တာမျိုးမူကွဲမှာ ဗြိတိန်တွင် COVID-19 ဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းထိရှိခဲ့သည်။

ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ