ရန်ကုန်၊ ဇွန် ၃၀
ကျောက်တံတားမြို့နယ် ကုန်သည် လမ်းနှင့် ဆူးလေဘုရားလမ်းမီးပွိုင့် ၌ ဇွန် ၃၀ရက်၊ နံနက် ၆ နာရီခန့်က ကုန်သည် လမ်းအတိုင်း ပန်းဆိုးတန်းဘက်မှ လမ်း ၃၀ ဘက်သို့မောင်းနှင်လာသည့် ယာဉ်အမှတ် 8D/----- လိုက်ထရပ် အဖြူရောင်နှင့် ဆူးလေဘုရားလမ်း အတိုင်း ကမ်းနားဘက်သို့မောင်းနှင် လာသည့် 8D/---- လိုက်ထရပ်အဖြူ ရောင်တို့ ပြင်းထန်စွာတိုက်မိရာ 8D/---- မှာ ကုန်သည်လမ်းမီးပွိုင့် အလွန်တွင်တိမ်းမှောက်ပြီး 8D/----မှာ ဆူးလေဘုရားလမ်းပလက်ဖောင်း ပေါ်သို့ရောက်ရှိသွားသည်။
ယာဉ်နှစ်စီးစလုံး၌ ဒဏ်ရာရသူ ၈ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း ကနဦးသတင်းအရသိရှိရပြီး မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် ယာဉ်ထိန်းတပ်စု 41 မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာ ဝန်ထမ်းများက လိုအပ်သည်များ ကူညီ ခဲ့ကြပြီး ဆေးရုံသို့ လူနာများကိုပို့ဆောင် ပေးခဲ့ကြသည်။
မောင်မောင်