ပြုံယမ်း၊ ဇွန် ၃၀
မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်တစ်ယောက် ပိန်ချုံးကျ သွားသည့် ပုံများ လူမှုကွန်ရက် စာမျက်နှာ အသီးသီးသို့ တက်လာပြီးနောက်ပိုင်း ကမ္ဘာတစ်လွှားတွင် ယင်းနှင့်ပတ်သက် သည့် ကျန်းမာရေး ထင်ကြေးအမျိုးမျိုး မှာ စက္ကန့်မလပ် ထွက်ပေါ်လာလျက်ရှိ သည်။ ကင်မ်ကို ယင်း၏ပြည်သူများက တစ်လနီးပါးမတွေ့ရပြီးနောက် ဇွန်လအ စောပိုင်းတွင် နိုင်ငံပိုင်မီဒီယာများတွင် ပြန်ပေါ်လာခဲ့ကာ ဓာတ်ပုံများအရ ကင်မ် သည် လက်ကောက်ဝတ်များပိန်သွား ကာ လက်ပတ်နာရီကိုပင် ယခင်ကထက် တင်းကျပ်စွာ ခဲရာခဲဆစ်ချည်ပတ်ထား ရပုံရကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။
မြောက်ကိုးရီးယား၏ အာဏာကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားသည့် ကင်မ် ၏ ကျန်းမာရေးအပေါ် ထင်ကြေးအမျိုး မျိုး ထွက်ပေါ်ပြောဆိုနေကြပြီး ခေါင်း ဆောင်ကြီးကင်မ်ကို အားပေးထောက်ခံ သူများကမူ ကင်မ်မှာကျန်းမာရေးအရ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချခြင်း သာဖြစ်မည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
နိုင်ငံရေးဝေဖန်သူ အများစုကမူ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း ကပ်ရောဂါဖြစ် ပွားနေချိန်တွင် မြောက်ကိုရီးယားတို့အ တွက် တိုင်းပြည်နှင့် စီးပွားရေးကြမ္မာ သည် ကင်မ်၏ ကျန်းမာရေးအပေါ်တွင် မူတည်နေသည့်အတွက် ကင်မ့်ကိုမပြတ် စောင့်ကြည့်ထားသင့်ကြောင်း ဝေဖန် ပြောဆိုလျက်ရှိသည်။
ရဲခေါင် (ref; BBC)