ဖလော်ရီဒါ၊ ဇွန် ၃၀
အမေရိကန်၊ ဖလော်ရီဒါရှိ မီယာမီ ကွန်ဒိုအဆောက်အဦပြိုကျမှုတွင် ပိတ် မိနေသည့် လူ ၁၅၀ ကျော်တွင် သေဆုံး သူ ဦးရေမှာ ကိုးဦးအထိရှိလာပြီး ကယ် ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေ သည့်အတွက် ဆွေမျိုးသားချင်းများနှင့် ပြည်သူများ ဒေါသပေါက်ကွဲကာ ဝေဖန် မှု အရှိန်ပြင်းထန်လာကြောင်း သိရ သည်။
အဆောက်အဦ ပြိုကျစဉ် သေဆုံး သူအရေအတွက်မှာ ငါးဦးသာရှိခဲ့သော် လည်း ကယ်ဆယ်ရေးလုပ်ငန်းဆောင် ရွက်မှု နှေးကွေးလွန်းခြင်းကြောင့် လူသေ ဆုံးမှု ဆက်လက်မြင့်တက်လာခြင်းဖြစ် သည်ဟု မီယာမီဒေသခံများက ဝေဖန်နေ ကြခြင်းဖြစ်သည်။
လက်ရှိတွင် ပြိုကျနေသည့်အ ဆောက်အအုံ၏အောက်၌ လူ ၁၅၀ ခန့် ပိတ်မိ နေပြီး ကယ်ဆယ်ရေးဆောင်ရွက် သူများကလည်း ယင်းတို့အနေဖြင့် လုပ် ငန်းစဉ် ဆောင်ရွက်ရာတွင် အခက်အခဲ များရှိနေသည့်အတွက် အချိန်တိုအတွင်း လူအားလုံးကို ကယ်ထုတ်ပေးနိုင်ရန် မလွယ်ကူကြောင်း ပြန်လည်ရှင်းပြထား သည်။ ယခု ပြိုကျခဲ့သည့် ၁၂ ထပ် ကွန်ဒို သည် အမေရိကန်ဒေါ်လာ ကိုးသန်းဖိုး ခန့်အထိ ပြုပြင်ရန် လိုအပ်ချက်ရှိနေ သည့် အဆောက်အအုံတစ်ခုဖြစ်ပြီး ကွန်ဒို ပြိုကျရတဲ့အကြောင်းရင်းကိုမူ အစိုးရ ဘက်က ထုတ်ပြန်မှုမရှိသေးကြောင်း အာဏာပိုင်များကပြောသည်။
ရဲခေါင် (ref; BBC)