နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်နှင့် ဆီးရီယားနယ်စပ်တွင် အမေရိကန်လေကြောင်းတိုက်ခိုက်

ဘက်ဂ္ဂဒက်၊  ဇွန် ၃၀


အီရတ် နှင့်     ဆီးရီးယား နယ်စပ်နားက အီရန်ကျောထောက်နောက်ခံပြု စစ် သွေးကြွအုပ်စုများ၏ အဆောက်အအုံ သုံးခုကို လေကြောင်းက တိုက်ခိုက်ခဲ့ ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။ 


အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များကို စစ်သွေးကြွအုပ်စုများက မောင်းသူမဲ့ ရဟတ်ယာဉ်များနှင့် တိုက်ခိုက်ရန် အဆိုပါအဆောက်အဦများကို သုံးခဲ့ ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြန်ကြား ရေးဝန်ကြီး ဂျွန်ကာဘီက ပြောသည်။ 


သမ္မတဂျိုးဘိုင်ဒင်၏ ညွှန်ကြားချက် အရ စစ်သွေးကြွများလက်နက်သိုလှောင် ထားသည့် ဆီးရီးယားရှိ အဆောက်အဦ ၂ ခု၊ အီရတ်ရှိ အဆောက်အဦ ၁ ခု၊ စုစုပေါင်း ၃ နေရာကို အမေရိကန် စစ်တပ်ကတိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီး ကာဘီက ပြောသည်။ 


အဆိုပါ လေကြောင်းတိုက်ခိုက်မှု သည် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို တုံ့ပြန်ကာကွယ်သည့် စစ်ဆင်ရေးဖြစ် ကြောင်း၊ အမေရိကန်စစ်တပ်အတွက် အန္တရာယ်ကြီးလာနေခြင်းကို ကန့်သတ် ထိန်းချုပ်ရန် ရည်ရွယ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သော် လည်း တိကျရှင်းလင်းပြီး ပြတ်သားသည့် သတင်းစကားဖြစ်ကြောင်း ဝန်ကြီး ကာ ဘီက ပြောသည်။ 

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကမူ စိုးရိမ်ဖွယ်ခြိမ်းခြောက်မှု ရှိသည့် နေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပုံ ရကြောင်း ပြောကြားထားသည်။ 

မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ