ဂျိုဟန်နက်စ်ဘတ်၊ ဇွန် ၃၀
တောင်အာဖရိကနိုင်ငံတွင် COVID-19 ရောဂါ တတိယလှိုင်းအမြင့်ဆုံးအနေအ ထားသို့ရောက်ရှိနေပြီး အဓိကအကြောင်း အရင်းမှာ COVID-19 ရောဂါ၏ ဗီဇ ပြောင်း Delta ရောဂါပိုးကြောင့် ဖြစ် ကြောင်း တောင်အာဖရိကနိုင်ငံ ကျန်းမာ ရေးပညာရှင်များက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ KwaZulu-Natal ပြည်နယ် သုတေသနတီထွင် ဆန်းသစ်မှုနှင့် တိုင်းတာမှုလုပ်ငန်းစဉ် တွင် ဖော်ပြချက်အရ ဗီဇပြောင်း Delta ရောဂါပိုး၏ ကူးစက်နိုင်ခြေသည်အခြား ဗီဇပြောင်းရောဂါပိုးများထက် ပိုမိုပြင်း ထန်ပြီး ဗီဇပြောင်း Delta ရောဂါပိုး သည် ကူးစက်မှုလျင်မြန်စွာမြင့်တက် လာခဲ့ရသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
Tulio de Oliveira က ဗီဇ ပြောင်း Delta ရောဂါပိုးကြောင့် အိန္ဒိယ နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှု ပျံ့ပွားစေခဲ့ပြီး လက်ရှိချိန်တွင် တောင် အာဖရိကနိုင်ငံ၌ ရောဂါပျံ့ပွားမှု အလွန် လျင်မြန်စွာ ဖြစ်ပွားစေခဲ့ကြောင်းနှင့် ကူးစက်မှုဖြစ်ပွားစေသည့် အဓိက ရောဂါပိုးအရင်းအမြစ် ဖြစ်လာစေခဲ့ ကြောင်း၊ လတ်တလော ရက်ပိုင်းအ တွင်း KwaZulu-Natal ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်း၌ ရောဂါကူးစက်ပျံ့ ပွားမှုနှင့် ပတ်သက်၍ သုတေသနဆောင် ရွက်ခဲ့ရာတွင် ဗီဇပြောင်း Delta ရောဂါ ပိုးသည် အဓိကနေရာတွင် ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ သည်။
တောင်အာဖရိကနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ခေတ္တဝန်ကြီး Mmamoloko Kubayi က သတင်းစာရှင်းလင်းပွဲ၌ တောင်အာဖရိကနိုင်ငံအနေဖြင့် လက်ရှိ ချိန်တွင် ကပ်ရောဂါ တတိယလှိုင်း၏ အထွတ်အထိပ် အခြေအနေ သို့ရောက်ရှိ နေပြီး ယခုအကြိမ် ကပ်ရောဂါလှိုင်း ၏ သက်ရောက်မှုသည် ဒုတိယလှိုင်း ထက် ပိုမိုဆိုးရွားစေမည်ဟု ခန့်မှန်းထား ကြသည်။
တောင်အာဖရိကနိုင်ငံ KwaZulu-Natal ပြည်နယ် သုတေသနတီထွင်ဆန်း သစ်မှုနှင့် တိုင်းတာမှုလုပ်ငန်းစဉ် ပလက်ဖောင်း တာဝန်ခံဖြစ်သည့် Tulio de Oliveira က ဇွန် ၂၆ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဗီဇပြောင်း Delta ရောဂါ ပိုး၏ ကူးစက်နိုင်ခြေသည် အခြားဗီဇ ပြောင်းရောဂါပိုးများထက် ပိုမိုပြင်းထန် ပြီး ဗီဇပြောင်း Delta ရောဂါပိုးသည် ကူးစက်မှုလျင်မြန်စွာ မြင့်တက်လာခဲ့ရ သည့် အဓိကအကြောင်းရင်းဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့သည်။
မျိုးဝင်း(ref; Xinhua)