နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်မြို့နယ် သတင်းပေးဟု စွပ်စွဲ နေအိမ်ဖျက်ဆီး

ပြည်ကြီးတံခွန်၊  ဇွန် ၂၉


ဇွန် ၂၈ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ မန်လွယ် ဘုန်းကြီးကျောင်းအနီးရှိ ဦးတင်ထွန်း ပိုင်ဆိုင်ပြီး လူနေထိုင် ခြင်းမရှိသည့်နေအိမ်အား အကြမ်းဖက်သူအင်အား ၅၀ ဦး ခန့်က “သတင်းပေး”အိမ်ဟုစွပ်စွဲ၍ အုတ်တံတိုင်း ခြံစည်းရိုး နှင့် သွပ်မိုး၊ ထရံကာနေအိမ်တို့ကို ဝင်ရောက်ဖျက်ဆီးနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့က   အဆိုပါအခြေအနေကို ထိန်းသိမ်းနိုင်ရေး သွား ရောက်ခဲ့ရာ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို အုတ်ခဲကျိုးများဖြင့် ပစ်ခတ်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ် ခတ်လူစုခွဲခဲ့ရာ အကြမ်းဖက်သူများ လူစုခွဲထွက်ပြေးသွားခဲ့ ပြီး အကြမ်းဖက်သူများအတွင်းမှ အမျိုးသားတစ်ဦးတွင် ထိ မှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော ချမ်း မြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၅ လမ်းနှင့် ၁၀၈ လမ်း ထောင့်နေ ဦးထွန်းအောင် (၅၅)နှစ် နှင့် ဒေါ်ငွမ်းအသန် (၄၉) နှစ်တို့နှစ်ဦးအား ဓားရှည် ၁၃ လက်၊ ဂေါက်ရိုက်တံတစ် ချောင်း၊ သံညှပ်အကြီးတစ်ချောင်း၊ ဖုန်းတစ်လုံး၊ ဆိုင်ကယ် ၁၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိ ရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ