နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးဗီဇပြောင်း ဒယ်လ်တာက ဥရောပစီးပွားရေးကို ခြိမ်းခြောက်နေ

ဘရပ်ဆဲလ်၊  ဇွန်  ၂၉ 


လာမည့်နွေကာလတွင် ဥရောပေ တစ်လွှား ဧည့်ဝင်နှုန်းများ ပြန်လည် မြင့်တက်လာစေရန် ခရီးသွားဝင်ငွေ ကဏ္ဍအတွက် မျှော်လင့်ထားသော် လည်း Covid မျိုးဗီဇပြောင်း ဒယ်လ် တာကြောင့် စီးပွားရေး ခြိမ်းခြောက် မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 


ဥရောပသမဂ္ဂ၏ Covid-19 ရောဂါ ကာကွယ်ရေးနှင့် ခရီးသွားလက်မှတ်များ ကို ဆောင်ရွက်ပေးနေချိန်တွင် ပုံမှန် အခြေအနေသို့  ပြန်သွားမည့် ဥရောပ ခရီးသွားလမ်းကြောင်းကို ဒယ်လ်တာ မျိုးစိတ်က အဆုံးသတ်ပစ်မည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ကပ် ရောဂါလေ့လာစောင့်ကြည့်ရေး အဖွဲ့များ က ပြောကြားလိုက်ခြင်းဖြစ်သည်။


 ကာကွယ်ဆေးထိုးရန် အလျှင်အ မြန်လုပ်ဆောင်နေပြီး ကူးစက် မြန်မျိုး စိတ်ကို ကန့်သတ်ရေးအတွက်ဆောင် ရွက်ရင်း ဥရောပနိုင်ငံများသည် နွေ ရာသီတွင် ကန့်သတ်ချက်များလျှော့ချ ရန် ပြင်ဆင်နေသော်လည်း ဥရောပ ရောဂါတားဆီးကာကွယ်ရေးဌာနက အခြေအနေမကောင်းသည့် အကဲဖြတ် ချက်ထုတ်ပြန်ခဲ့သည်။ 


လက်ရှိတွင် ယင်းပြဿနာကြောင့် ဥရောပနိုင်ငံ ခေါင်းဆောင်များသည် ခရီးသွားမူဝါဒနှင့် ပတ်သက်၍ ထိပ်တိုက် တွေ့ခဲ့ပြီး ပေါ်တူဂီအပါအဝင် ဥရောပ တောင်ပိုင်းနိုင်ငံများအတွက် ခရီးသွား လုပ်ငန်းသည် အရေးပါသောကြောင့် ဥရောပတောင်ပိုင်းနိုင်ငံများနှင့် မြောက် ပိုင်းနိုင်ငံများအကြား သဘောထားကွဲ လွဲမှုမှာလည်း ပိုမိုကြီးမားလာခဲ့သည်။ 


ဒယ်လ်တာမျိုးစိတ်သည် ဗြိတိန် တွင် ခြေကုပ်ရနေပြီး ကူးစက်မှုသစ် များမှာ ထိုမျိုးစိတ်မှ ကူးစက်ခြင်းဖြစ် ကြောင်း၊ အိုင်ယာလန်၊ အီတလီနိုင်ငံ တစိတ်တပိုင်းတွင် ကူးစက်မှုသစ်များ ၏ ၂၀ ရာခိုင်နှုန်းသည် ထိုမျိုးစိတ်မှ ကူးစက်ခြင်းဖြစ်ပြီး လစ္စဘွန်းမှ ကူးစက် မှုသစ် ၇၀ ရာခိုင်နှုန်းသည် ထိုမျိုးစိတ် ကူးစက်ခြင်းဖြစ်ကြောင်းသိရသည်။

 မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ