နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ် ကန်သမ္မတကတော် တက်ရောက်မည်

ဝါရှင်တန်၊  ဇွန် ၂၉ 


တိုကျိုတွင်ကျင်းပမည့် အိုလံပစ် ပွဲတော်သို့ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒင် တက်ရောက်ရန် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုအကြား အစီ အစဉ်များ ချမှတ်နေပြီး သမ္မတ ဂျိုးဘိုင် ဒင်မှာ လိုက်ပါမည် မဟုတ်ကြောင်း Yomiuri Shimbun နေ့စဉ် သတင်း စာတွင် ရေးသားဖော်ပြထားသည်။ 


ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပမည့်  အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ကတော် တက်ရောက်ရေးနှင့် ဂျပန် ဝန် ကြီးချုပ်တို့ တွေ့ဆုံမည့်ကိစ္စများသည် ဂျပန်နှင့် အမေရိကန်အစိုးရတို့ စီစဉ် နေသည့်  ဖြစ်နိုင်ခြေကိစ္စများအဖြစ် သတင်းစာတွင် ဖော်ပြထားသည်။ 


သို့ရာတွင် ယင်းအချက်မှာ တိကျ ခိုင်လုံခြင်းမရှိကြောင်း သိရသည်။ ဂျပန် နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အဓိကမဟာမိတ်ဖြစ်ပြီး ကိုရိုနာဗိုင်း ရပ်စ် ကပ်ရောဂါများအကြား မဖြစ်မနေ ဆက်လက်ကျင်းပရန် ဆုံးဖြတ်ချက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ထောက်ခံ ပြောဆိုထားသည်။ 


COVID-19 ရောဂါ ကူးစက်မှုများရှိ လာမည်ကို စိုးရိမ်သည့်အတွက် ဂျပန် တွင် ကမ္ဘာ့အကြီးဆုံး အိုလံပစ်အားက စားပွဲတော် ကျင်းပရေးကိစ္စ တစ်နှစ်ရွှေ့ ဆိုင်းထားခဲ့ကာ ယခုလည်း  အိုလံပစ်ပွဲ ကျင်းပမည်ဆိုပါက ရောဂါကူးစက်မှု များ ရှိနိုင်ကြောင်း ဂျပန်ပြည်သူများနှင့် ကျန်းမာရေးပညာရှင်များက ဆက်လက် စိုးရိမ်နေဆဲ ဖြစ်သည်။

ရဲခေါင် (ref; BBC)






အခြားဆက်စပ်သတင်းများ