လန်ဒန်၊ ဇွန် ၂၉
ခရိုင်းမီးယားကမ်းလွန်မှ အငြင်းပွား ရေပိုင်နက်သို့ ဝင်ရောက်ခဲ့သည့် ဗြိတိန်ရေတပ်သင်္ဘော HMS Defender နှင့် ပတ်သက်သည့် သတင်းအချက်အ လက်များအပါအဝင် ကာကွယ်ရေးဝန် ကြီးဌာနမှ ထိပ်တန်း လျှို့ဝှက်စာရွက်စာ တမ်းများကို အင်္ဂလန်တောင်ပိုင်းရှိ အ မှိုက်ပုံတစ်ခုတွင် တွေ့ခဲ့ကြောင်းသိရ သည်။
အီးမေးလ်များ၊ ပါဝါပွိုင့် ရှင်းလင်း ချက်များနှင့် ထိုဖြစ်ရပ်နှင့်ပတ်သက် သည့် ရုရှားနိုင်ငံ၏ ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုများ အပါအဝင် စာမျက်နှာ ၅၀ ရှိသော ထိုစာရွက်စာတမ်းများကို ဘတ်စ် ကားမှတ်တိုင်အနောက်ဖက် စိုစွတ်သော အမှိုက်ပုံတွင် ပြည်သူတစ်ဦးကရှာဖွေ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
တွေ့ရှိသူအနေဖြင့် ယင်း၏ အမည် ကို ထုတ်ဖေါ်ပြောဆိုလိုခြင်းမရှိသည့် အတွက် မည်သူမည်ဝါဖြစ်ကြောင်းထုတ် မပြောနိုင်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာန ပြောခွင့်ရသူတစ်ဦးကပြော သည်။ ထိုဖြစ်ရပ်သည် ဝန်ကြီးများအ တွက် စိတ်ပူစရာနှင့် ရှက်စရာကောင်း ကြောင်း အတိုက်အခံပါတီများကဆို သည်။
လျှို့ဝှက် ဗြိတိန်သည်သာသိရှိစေရန် ဟု အမှတ်အသားပြုလုပ်ထားသည့် ထို စာရွက်စာတမ်းများတွင် နေတိုးအဖွဲ့က အာဖဂန်မှ စစ်ဆင်ရေးများ စက်တင်ဘာ တွင် ရပ်ဆိုင်းတော့မည်ဟုကြေညာထား သော်လည်း အင်္ဂလန်စစ်ဖက်ကဆက် လက်ကျန်ရှိနိုင်သည့် အလားအလာကို လည်း ဖေါ်ပြထားကာ အာဖဂန်ရှိစစ် သားများအတွက် အန္တရာယ်ကျရောက် စေနိုင်သောကြောင့် ထိုလျို့ဝှက်စာတမ်း မှ အချက်အလက်များကို ဆက်လက်မ ထုတ် ပြန်ရန် သတိပေးတားမြစ်ထား ကြောင်း သိရသည်။
ရဲခေါင် (ref; BBC)