ဒါကာ၊ ဇွန် ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ တွင် ပြီးခဲ့သည့်နှစ်ရက်က ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်း ပေါက်ကွဲမှုအရှိန်ကြောင့် စီးပွားရေးဆိုင် ရာ အဆောက်အဦတစ်ခု ပြိုကျမှုဖြစ် ပွားခဲ့ကာ လူ ၇ ဦးထက်မနည်းသေ ဆုံးပြီး အခြားဒဏ်ရာရရှိသူ အများအ ပြားရှိခဲ့ကြောင်း သိရသည်။
လူသေဆုံးမှုနှင့် စပ်လျဉ်း၍ ဒါကာ မြို့တော်ရဲမှူး Shafiqul Islam က သတင်းထောက်များကို အတည်ပြုပြော ကြားခဲ့ကာ အဆိုပါဖြစ်စဉ်တွင် အနည်း ဆုံး လူ ၅၀ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
သို့ရာတွင် ယင်းသို့ဖြစ်ပွားမှုစတင် ခဲ့သည့် ပေါက်ကွဲမှုအကြောင်းရင်းအတိ အကျကိုမူ လက်ရှိအချိန်ထိ ရှင်းရှင်းလင်း လင်းမသိရသေးကြောင်း၊ စားသောက် ဆိုင်နှင့် အရောင်းဆိုင်အများအပြားရှိ သည့် အဆောက်အဦပေါက်ကွဲမှုနှင့်ပတ် သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အဖျက်အ မှောင့်လုပ်ငန်းနှင့် ဆက်စပ်သော မည် သည့် သက်သေအထောက်အထားမျှ ရှာဖွေတွေ့ရှိထားခြင်းမရှိကြောင်း ပြော သည်။
ကွဲကြေနေသော မှန်နံရံအများအ ပြားသည် အဆောက်အဦနှင့်ဈေးဝယ် စင် တာအနီးအနားရှိ သုံးထပ်အဆောက် အဦ ပြင်ပလမ်းမပေါ်တွင် ပြန့်ကျဲနေပြီး ယင်းပေါက်ကွဲမှုကြောင့် ဘတ်စ်ကားနှစ် စီးမှာလည်း အကြီးအကျယ်ပျက်စီးသွား ကြောင်း သိရသည်။
ရဲခေါင် (ref; Xinhua)