တီဟီရန်၊ ဇွန် ၂၉
ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် နျူ ကလီး ယား သဘောတူစာချုပ်ကို ပြန်လည် အသက်သွင်းနိုင်ရန် ဖြစ်နိုင်သေးသော် လည်း ယင်းတို့အနေဖြင့် တစ်သက်လုံး ညှိနှိုင်းဆွေးနွေးနေနိုင်မည် မဟုတ် ကြောင်း အီရန်နိုင်ငံက ပြောကြားလိုက် သည်။
အမေရိကန်ဘက်မှ ဖျက်ဆီးဖို့ကြိုး စားခဲ့သည့် အဆိုပါ သဘောတူစာချုပ် ကို ကယ်ဆယ်ရန် ခိုင်မာသည့် ဆုံး ဖြတ်ချက်နှင့် အီရန်နိုင်ငံသည် အတက် ကြွဆုံးလုပ်ဆောင်ပြီး မူကြမ်းအများ ဆုံးတင်ပြခဲ့ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဆေအက်ခါ တစ်ဇာဒါက တွစ်တာတွင်ရေးသားခဲ့ သည်။
ထို့ပြင် အီရန်နိုင်ငံအနေဖြင့် သက် တမ်းကုန်တော့မည့် စောင့်ကြည့်ရေး သဘောတူညီချက်ကို သက်တမ်းတိုး မည်၊ မတိုးမည်ကို ချက်ခြင်းအဖြေပေး ရန် ကုလသမဂ္ဂ အနုမြူစွမ်းအင် အေဂျင် စီက တောင်းဆိုထားသော်လည်း အီရန် အထူးသံတမန်က ယင်းကိစ္စကို တုံ့ပြန် ရန် အီရန်တွင် တာဝန်မရှိကြောင်းပြော ခဲ့သည်။ အီရန်၏ နျူကလီးယားလုပ် ငန်းများကို စောင့်ကြည့်မည့် ယာယီ သ ဘောတူညီချက်မရှိပါက အမေရိကန် အနေဖြင့် ထိုစာချုပ်တွင်ပြန်လည်ပါဝင် ရေး အားထုတ်မှုများကို စွန့်လွှတ်ရနိုင် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဘလင်ကန်က သတိပေးထားသည်။
ရဲခေါင် (ref;AFP)