ဘိုဂိုတာ၊ ဇွန် ၂၈
ကိုလံဘီယာနိုင်ငံသမ္မတနှင့် အခြား အရာရှိများကို တ င်ဆောင်လာသည့် ရဟတ်ယာဉ်သည် တောင်ပိုင်း Catatumbo ဒေသတွင် ကျည်ဆန်များ စွာဖြင့် ပစ်ခတ်ခံခဲ့ ရကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါ ဖြစ်ရပ်သည် သမ္မတ၏ ရဟတ်ယာဉ်က Norte de Santander ပြည်နယ်မြို့တော် Cucuta သို့ ဦးတည် လျက် Catatumbo ဒေသကို ဖြတ်၍ ပျံသန်းသွားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရသူမရှိခဲ့ကြောင်း ၊ မိမိအနေ ဖြင့် အကြမ်းဖက်အပြုအမူများကြောင့် ခြိမ်းခြောက်ခံမည်မဟုတ်ကြောင်း သမ္မတ က ထုတ်ပြန်ချက်၌ ပြောကြားထား သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အဆို ပါ ရဟတ်ယာဉ်ကိုပစ်ခတ်ပြီး လူများ၏ အသက်အပေါ် အန္တရာယ်ပြုသူများကို စုံစမ်းရှာဖွေရန် လုံခြုံရေးအဖွဲ့တစ်ခုလုံး ကို အလွန်ပြတ်သားသည့်ညွှန်ကြားချက် များ ပေးထားပြီးဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)