နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ ပထမဆုံး ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက် ထုတ်လုပ်ရေးစတင်

ဘေကျင်း၊  ဇွန် ၂၈ 


တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင် လည်ပတ်သော မီတာ ၁,၅၀ဝ ရေနက် ပိုင်း ဓာတ်ငွေ့လုပ်ကွက် ထုတ်လုပ်မှုစ တင်ပြီဖြစ်ကြောင်း တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ၏ ပြောကြားချက်အရ သိရသည်။ 


တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန် ကျွန်းပြည်နယ် Sanya မြို့မှ ကီလိုမီတာ ၁၅၀ အကွာအဝေးရှိ အဆိုပါဓာတ်ငွေ့ လုပ်ကွက် လည်ပတ်မှုသည် ယခင်က မီတာ ၃၀ဝ အနက်၌ တူးဖော်ခြင်းနှင့်နှိုင်း ယှဉ်ပါက ရေနံနှင့် ဓာတ်ငွေ့အတွက် အလွန်နက်ရှိုင်းသော ရေနက်ပိုင်းတူး ဖော်ရေးတွင် တရုတ်နိုင်ငံ၏စွမ်းဆောင် မှုကို ထင်ရှားစေခြင်းလည်း ဖြစ်ကြောင်း CNOOC က ပြောသည်။ ဓာတ်ငွေ့ လုပ်ကွက်သည် ၂၀၁၄ ခုနှစ် ကတည်းက တွေ့ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ပမာဏ စုစုပေါင်း ကုဗမီတာ ၃ ဘီလီယံ ပံ့ပိုးပေးနိုင်မည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။ 

ဓာတ်ငွေ့လုပ်ကွက်၏ ရှာဖွေရေး၊ ထုတ်လုပ်ရေး၊ တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်ရေးသည် သင်္ဘော တည်ဆောက်ခြင်း၊ သံမဏိ၊ လျှပ်စစ်စက် ပစ္စည်းဆိုင်ရာနှင့် အခြားစက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တွန်း အားပေးလျက်ရှိကြောင်း သိရသည်။ 

ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ