ဝါရှင်တန်၊ ဇွန် ၂၈
အမေရိကန်တပ်များကို ရုပ်သိမ်း ရန် စီစဉ်ထားသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် အာဖဂန် ဆက်ဆံရေး ကို နိဂုံးမချုပ်ဘဲ ဆက်လက်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတဘိုင်ဒင်က အာဖဂန်သမ္မတကို ပြောကြားလိုက်သည်။
အာဖဂန်တွင် လုံခြုံရေးအခြေအနေ ဆိုးရွားနေစဉ် အာဖဂန် သမ္မတသည် အမေရိကသို့ သွားရောက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသည် အာဖဂန်ရှိတပ် များ၏ ထက်ဝက်ကို ရုပ်သိမ်းပြီးဖြစ် ကြောင်း သိရသည်။
အစည်းအဝေးအစတွင် ဘိုင်ဒင်က အမေရိကန်တပ်များကို ဆုတ်ခွာနေ သော်လည်း အာဖဂန်အတွက် ထောက် ခံမှုကို အဆုံးသတ်မည် မဟုတ်ကြောင်း အာဖဂန်၏ စစ်တပ်၊ စီးပွားရေးနှင့်နိုင်ငံ ရေးကို ဆက်လက်ထောက်ခံနေမည် ဖြစ်ကြောင်း ပြောသည်။
ဂါနီက အမေရိကန်-အာဖဂန် ဆက် ဆံရေးသည် အခန်းကဏ္ဍသစ်တစ်ခုသို့ ဝင်ရောက်လာကြောင်းပြောပြီး အာဖဂန် လုံခြုံရေးတပ်များသည် ခရိုင် ၆ ခုကိုပြန် လည် သိမ်းပိုက်ခဲ့ကြောင်းပြောသည်။
ထို့ပြင် ဂါနီသည် တာလီဘန်များနှင့် ကဘူးငြိမ်းချမ်းရေး ညှိနှိုင်းသူ အဗဒူလာ နှင့်အတူ ဝါရှင်တန်သို့ ရောက်နေခြင်း ဖြစ်သည်။
မျိုးဝင်း (ref;AFP)