ဘေကျင်း၊ ဇွန် ၂၈
ဖူကူရှီးမား ဒိုင်ချီ နျူကလီးယား ဓါတ်အားပေးစက်ရုံမှ နျူကလီးယား စွန့်ပစ်ရေများကို ပင်လယ်တွင်းသို့ သွန် ချ မည့် ဆုံးဖြတ် ချက်ကို ပြန်လည် ရုပ် သိမ်းရန် တရုတ်အထူးသံတမန်တစ်ဦး က ဂျပန်နိုင်ငံသို့ ပြောကြားလိုက်သည်။
ဖူကူရှီးမား နျူကလီးယား မတော်တ ဆမှုမှ နျူကလီးယား စွန့်ပစ်ရေများကို စွန့်ပစ်သည့်ကိစ္စသည် ဂျပန်နိုင်ငံ၏ပြည် တွင်းရေးသာမဟုတ်ဘဲ ထိုသို့စွန့်ပစ် မည့်အစီအစဉ်သည် နိုင်ငံတကာ အများ ပြည်သူ ကျန်းမာရေး၊ ဘေးကင်းလုံခြုံ မှုနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူ များ၏ လတ်တလော အကျိုးစီးပွားများ ကို ထိခိုက်စေမည်ဖြစ်ကြောင်း ကုလသ မဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကျန်းရှောင်က ပြော ကြားသည်။
တရုတ်အနေဖြင့် ဂျပန်ကိုယ်စား လှယ်သည် ပြုပြင်ပြီးသော နျူကလီး ယားစွန့်ပစ်ရေကို အန္တရာယ်ကင်းပြီး ပွင့်လင်းမြင်သာသည်ဟု ယင်းတို့စွန့် ပစ်မည့် အစီအစဉ်အပေါ် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ခွင့်ပြုပြီး ဖြစ်ကြောင်း စကားအမှားများကို ပြော ကြားခဲ့သည်ဟု မီဒီယာများသို့ ထုတ် ဖော်ပြော ကြားထားသည်။
ဖူကူရှီးမား နျူကလီးယား မတော်တ ဆမှုသည် ကမ္ဘာ့သမိုင်းတွင် အဆိုးရွား ဆုံးမတော်တဆမှုများတွင်ပါဝင်ပြီး ထို နျူကလီးယားစွန့်ပစ်ရေတွင် အရည် ပျော်သွားသော နျူကလီးယားဓါတ် ပေါင်းဖို ပင်မအစိတ်အပိုင်း အေးအောင် ထည့် သွင်းထားသောရေနှင့် မြေအောက် ရေနှင့် မိုးရေများ ပါဝင်ကြောင်း၊ ထို ရေများတွင် သဘာဝတွင် မတွေ့ရသည့် ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်အများ အပြားပါဝင်ကြောင်း သိရသည်။
ရဲခေါင် (Ref:Reuters)