ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၂၇ ရက်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည် လမ်းဘေးရှိ လှော်ကားရေဝေရေလဲဒေသအတွင်း၌ ကျင်းပပြုလုပ် သည်။ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဦးအောင်သန်းဦး၊ ရဲမှူးချုပ် မျိုးမင်းထိုက် (တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)နှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ သတ်မှတ်နေရာအသီးသီး၌ မဟော်ဂနီပင်များ စိုက်ပျိုးပေးကြသည်။ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းအင်အား ၄၀၀ ကလည်း တပျော်တပါး စုပေါင်းသစ်ပင် စိုက်ပျိုးကြသည်။
ရေသည် သစ်တောဖုံးလွှမ်းသည့် တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ သဘာဝသယံဇာတများနှင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့် ထုတ်လုပ်ခြင်းသည် အရေးကြီးပေသည်။ အစိမ်းရောင်စီးပွားရေး သည် ရာသီဥတုတည်ငြိမ်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။
အစိမ်းရောင်စီးပွားရေးလုပ်ငန်းစဉ်များဖြစ်သော ကာဗွန် ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာအသုံးချရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ နှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးမှုများအား တားဆီးကာကွယ် ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ လျက်ရှိသည်။ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများတွင် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်း များက ဦးဆောင်စိုက်ပျိုးလျက်ရှိသည်။
နိုင်ငံလူဦးရေ မြို့ပြအသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိပေရာ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ပေ ရာ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများသည် အစိမ်းရောင်စီးပွားရေး လုပ်ငန်းကို တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။ ။