လားဆ ဇွန် ၂၇
တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမြို့တော် လားဆ ရထားဘူတာမှ လျင်ကျီးမြို့သို့မောင်းနှင် သွားလာနိုင်မည့် ပထမဆုံးသောလျှပ်စစ် ရထားကို စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါရထားလမ်းမှာစုစုပေါင်း အရှည် ၄၃၅ ကီလိုမီတာရှိပြီး တစ်နာရီ လျှင် ကီလိုမီတာ ၁၆၀ နှုန်းပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် လားလျင် (လားဆ-လျင်ကျီး) ရထားလမ်းဖောက် လုပ် ပြီးစီးသည့် အမှတ်အသား ဖြစ် သလို တိဗက်ဒေသတွင် ပထမဆုံးလျှပ်စစ် ရထားလမ်းတည်ဆောက်ပြီးစီးခြင်း နှင့် “Fuxing”ကျည်ဆန်ရထားများ ပြည်နယ်၊ ဒေသနှင့် မြို့ပေါင်း ၃၁ ခုလုံး လွှမ်းခြုံပြေးဆွဲနိုင်ခြင်းကို အကောင် အထည်ဖော်နိုင်ခြင်းလည်းဖြစ်သည်။
ခြောက်နှစ်ကျော်ကြာသည့် အဆိုပါရထားလမ်းဖောက်လုပ်ရေး ကာလအပြီးတွင် ပါဝင်တည်ဆောက် သူများက ဂေဟ၊ သဘာဝပတ်ဝန်းကျင် ကို ကောင်းမွန်စွာကာကွယ်စောင့်ရှောက် ခြင်းကိုအခြေပြု၍ လမ်းတစ်လျှောက် မြင့်မားသော တောင်တန်းများ၊ ချောက် နက်ကြီးများ၊ ဘူမိအနေအထားရှုပ်ထွေးမှု စသည့်အခက်အခဲတို့ကို ကျော်လွှားကာ ကုန်းမြင့်နှင်းမြေပေါ်တွင် “ကောင်းကင် လမ်း” သစ်ကို ဖောက်လုပ်ခဲ့ကြခြင်းဖြစ် သည်။
ရထားလမ်းသည် တရုတ်နိုင်ငံ တိဗက်ဒေသရှိ လားဆ၊ ဆန်းနန်နှင့် လျင်ကျီးမြို့(၃)မြို့ကို လွှမ်းခြုံထားပြီး တိဗက်ဒေသ၏ လူဦးရေများသည့် နေရာများကို ဖြတ်သန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းရထား လမ်းတည်ဆောက်နိုင်ခြင်းသည်တိဗက် ဒေသ အရှေ့နှင့်တောင်သို့ ရထားလမ်း မပေါက်သည့်သမိုင်းကို အဆုံးသတ်နိုင်ခဲ့ သလို ဖြတ်သန်းသွားသည့် မြို့သုံးမြို့ အကြား သွားလာသည့်အချိန်များစွာ တိုတောင်းသွားစေကြောင်း၊ နှစ်စဉ် ရထားဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် နိုင်စွမ်းသည် တန်ချိန် ၁၀ သန်းအထိ ရှိမည်ဖြစ်ပြီး ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်ရန်အတွက် ပံ့ပိုးပေး နိုင်ကြောင်း သိရသည်။
ရဲခေါင် (Ref; Xinhua)