မော်စကို ဇွန် ၂၇
ရုရှားနိုင်ငံရှိ ဘဏ်တစ်ခုတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲရာ ဘဏ်အကောင့်မှားယွင်း၍ ငွေလွှဲမိသဖြင့် ငွေလွှဲခံရ သည့် အကောင့်ပိုင်ရှင်ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
ယင်းအနေဖြင့် ဘဏ်၏မှားယွင်းမှုကြာင့် တစ်ညအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ၃သန်းကိုရရှိပြီးနောက် ဘဏ်ကို ရိုးသားစွာပြန်လည်မဆက်သွယ်ဘဲ ဆော့ဖ်ဝဲပြဿနာကို အခွင့် အရေးယူပြီး ခိုးသည့်လုပ်ရပ်ကိုကျူးလွန်ခြင်းဖြစ်ကြောင်း ပြောဆိုကာ အပြစ်ရှိသည်ဟု တရားရုံးကဆုံးဖြတ်၍ ထောင် ခြောက်နှစ်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းမီဒီယာများအနေဖြင့် ဒစ်ဂျစ်တယ်စနစ်မှားယွင်း လွှဲမိသည့်ဘဏ်၏ အမည်နာမကိုမူ ထုတ်ဖော်ရေးသားခဲ့ခြင်း မရှိဘဲ မှားယွင်းလွှဲမိသည့် ဘဏ်အကောင့်ပိုင်ရှင်ကသာ ယင်းငွေများဖြင့် အိမ်ခန်းများ၊ အိုင်ဖုန်းအသစ်တစ်လုံး၊ ဘီအမ် ဒဗလျူနှင့် မာစီးဒီးကားတွေ ဝယ်ပစ်လိုက်သည့်အတွက် တရားစွဲဆိုထောင်ချခဲ့ကြောင်း ရေးသားထားသည်။ ဘဏ် အနေဖြင့် အဆိုပါအမျိုးသား၏ ဘဏ်အကောင့်ကိုလည်း စာရင်းပိတ်ခဲ့ပြီး ပြန်လည်စစ်ဆေးခဲ့ရာ ယင်း၏ငွေစာရင်းတွင် မှားလွှဲမိသောငွေများအားလုံး ကုန်ဆုံးခြင်းမရှိသေးကြောင်း သိရသည်။ ယာကော့ဗ်အမည်ရှိ အဆိုပါအမျိုးသားသည် လောင်းကစားလုပ်သူတစ်ဦးဖြစ်သည့်အတွက် ယင်း၏ ဘဏ် အကောင့်သို့ဝင်လာသောပမာဏများပြားသည့် ငွေကြေး များကို လောင်းကစားဒိုင်မှလျော်ကြေးများဟု မှတ်ယူကာ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။
မျိုးဝင်း (Ref; AFP)