ဘေကျင်း ဇွန် ၂၇
တရုတ်နိုင်ငံအလယ်ပိုင်း သိုင်း သင်တန်းကျောင်းတစ်ခုတွင် မီးလောင် သောကြောင့် လူအနည်းဆုံး ၁၈ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရသွားကြောင်း သိရသည်။ ထိခိုက်သေဆုံးသူအများစုမှာ အသက် ၇ နှစ်မှ ၁၆ နှစ်အရွယ်အတွင်း ရှိသည့် အဆောင်နေကျောင်းသားများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူများ အနက် ၄ ဦးမှာပြင်းထန်ပြီး ၁၂ ဦးမှာ မပြင်းထန် ကြောင်း ဒေသခံမီဒီယာများကပြော သည်။ မီးလောင်ကျွမ်းရခြင်းအကြောင်း အရင်းကိုမူ စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်များက ပြောသည်။
ဟီနန်ပြည်နယ်ရှိ အဆိုပါသိုင်း သင်တန်းကျောင်းမန်နေဂျာကို ရဲတပ်ဖွဲ့ က ဖမ်းဆီးထားကြောင်းနှင့် မီးလောင် သောအဆောက်အအုံတွင် ကျောင်းသား ၃၄ ဦးရှိကြောင်း အစိုးရအရာရှိများက သတင်းထုတ်ပြန်ထားသည်။
ဟီနန်ပြည်နယ်သည် တရုတ်ရိုးရာ သိုင်းပညာများမွေးဖွားသော ပြည်နယ် ဖြစ်ပြီး ကွန်ဖူးသင်တန်းကျောင်းအများ အပြား ပြည်နယ်အတွင်းတွင်ရှိနေကာ ထိုကျောင်းများအနက် အကြီးမားဆုံး ကျောင်းမှာ ရှောင်လင်သိုင်းသင်တန်း ကျောင်းဖြစ်ပြီး သိုင်းဆရာ ရာပေါင်း များစွာနှင့် ကျောင်းသား သောင်းပေါင်း များစွာရှိကြောင်း သိရသည်။
ရဲခေါင် (Ref; Reuters)