နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီဇပြောင်း Delta ဗိုင်းရပ်စ်အန္တရာယ်အပေါ် သတိပေး

ဂျီနီဗာ    ဇွန်      ၂၇


ဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာတဝန်း Covid ကာကွယ်ဆေးမထိုးရသေး သည့်သူများနှင့် ကပ်ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များဖယ်ရှားလိုက်သည့် နိုင်ငံ များတွင် လျင်မြန်စွာကူးစက်နေခြင်းကြောင့် သတိထားကြရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အကြီးအကဲက သတိပေးလိုက်သည်။ ကမ္ဘာ့နိုင်ငံများတွင် Covid ရောဂါ ကူးစက်သူအရေအတွက်မှာ သီတင်း ၈ ပတ်ဆက်တိုက်ကျဆင်းလာသော်လည်း ကျဆင်းမှုနှုန်းမှာ နှေးကွေးနေကြောင်း ယင်းက ဆက်လက်ပြောသည်။ 


အာဖရိကတိုက်တွင်မူ ကူးစက်မှုနှင့် သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါးတိုးလာကာ ကပ်ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်များကို    ကျန်းမာရေးအာဏာပိုင်တွေ လျှော့ပေးရာမှတစ်ဆင့်  ကမ္ဘာတဝန်းကူးစက်မှုတိုးလာနေကြောင်း   WHO အကြီးအကဲက ပြောသည်။ ကူးစက်သူများလာသည်နှင့်အမျှ ဆေးရုံတင်ကုသရ သည့် လူနာများလည်းတိုးလာကာ ကျန်းမာရေးဝန်ထမ်းများနှင့်  ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် လိုအပ်ချက်များကြီးမားလာသည့်အပြင် အသေအပျောက် များလည်းကြုံနေရကြောင်း သိရသည်။ 


Delta ဗိုင်းရပ်စ်ပိုး၏သဘာဝမှာ ကူးစက်မြန်ရောဂါပိုးအမျိုးအစားသစ်များ ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး၊    ကူးစက်မှုများကို ဟန့်တားနိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကို လိုက်နာ ခြင်းတို့ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ဆင်းရဲသည့်နိုင်ငံများတွင် ကာကွယ် ဆေးထိုးရန် အခက်အခဲများရှိနေခြင်းမှာလည်း ကပ်ရောဂါထပ်ဆင့်ဖြစ်ပွားသကဲ့သို့ ဖြစ်နေကြောင်း WHO အကြီးအကဲက ပြောသည်။            ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ